အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကျင်းပခြင်း

ကချင်ပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၄

ကချင်ပြည်နယ်၏အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားအား(၃.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင်မြစ်ကြီးနားမြို့၊ မျက်မမြင်ကျောင်းတွင်ကျင်းပရာကချင်ပြည်နယ်အစိုးရလူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်မှအဖွင့်အမှာစကားပြောကြား၍ဒေါက်တာငွါးဆွာဒွေးမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပေးပို့သောသဝဏ်လွှာကိုဖတ်ကြားပါသည်။ဆက်လက်၍မသန်စွမ်းသူများစာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိ သူကျောင်းသား/ကျောင်းသူများအားကချင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူတို့မှဆုအသီးသီးချီးမြှင့်ပေးခဲ့ပြီးကျောင်းသူ တစ်ဦး မှကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။အဆိုပါအခမ်းအနားတွင်မြစ်ကြီးနားမျက်မမြင်ကျောင်းမှတေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။

 

FacebookTwitter