လူမှုသဟဇာတဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၅          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့ပူးပေါင်းပြီးလူမှုသဟဇာတ ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲကို (၃.၁၂.၂၀၁၇) ရက်နေ့ ၊(၁၅း၀၀)နာရီတွင် နေပြည်တော်၊ Kempinski Hotel တွင်ကျင်းပပြုလုပ်ရာပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြား ပါသည်။          ပြည်ထောင်စုဝန်ကြီးကလူမှုသဟဇာတဆိုသည်မှာမတူကွဲပြားခြားနားသည့်လူမှုအသိုင်းအဝိုင်းများကိုရင်းနှီးပေါင်းစည်းမှုဖြစ်စေသည့်အတွက် အရေးကြီးပါကြောင်း၊ မတူကွဲပြားခြားနားမှု များကို အပေါင်းလက္ခဏာဆောင်သည့် ရှုမြင်သုံးသပ်မှုနှင့်အတူ ပေါင်းကူးပေးလိုက်ပါက လူမှုရေး အရည်အသွေးများ ပြည့်ဝလာပြီး ပြောင်းလဲတိုးတက်မှုများရရှိလာမည် ဖြစ်ကြောင်း၊ မတူကွဲပြားမှု များကို နားလည်သဘောပေါက်ပြီး လူမှုရေးကျွမ်းကျင်မှုရှိရန်လိုအပ်ကြောင်း၊ လူမှုရေးအကူအညီ ပေးမှုနှင့် စပ်လျဉ်း၍ ခေတ်စနစ်နှင့် လျော်ညီသော လူမှုရေးဘာသာရပ်ကို အမြဲမပြတ်လေ့လာပြီး ပြောင်းလဲကျင့်သုံးရန်လိုအပ်ပါကြောင်း၊ မတူကွဲပြားမှုအမျိုးမျုးိကို သဟဇာတဖြစ်ဖို့ အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်ရာ စိတ်ရှည်သည်းခံပြီး နားလည်မှုများဖြင့် ဘုံရည်မှန်းချက် (Common Good) ရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားပါသည်။

          ယင်းနောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Country Director ဖြစ်သူ Mr. Peter Batchelor က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။ အဆိုပါ လူမှုသဟဇာတ ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

 

FacebookTwitter