ကျား၊မအခြေပြုအကြမ်းဖက်ခံနေရသောအမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့် ဆွေးနွေးခြင်းသင်တန်းဖွင့်လှစ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၅     

ကျား၊မအခြေပြုအကြမ်းဖက်ခံနေရသောအမျိုးသမီးများအတွက်စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းကိုတိုင်းဒေသကြီး/ပြည်နယ်များတွင် ကျား၊မအခြေပြုအကြမ်းဖက်ခံရသူများအား လက်တွေ့ဝန်ဆောင်မှုပေးနေသော လူမှုဝန်ထမ်းဦးစီးဌာနမှ Case Manager (၁၉)ဦးဖြင့် (၁၄-၁၁-၂၀၁၇ မှ ၁၇-၁၁-၂၀၁၇)ရက်နေ့အထိ ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ဖွင့်လှစ်ခဲ့ရာ  သင်တန်းနည်းပြအဖြစ် နှစ်သိမ့်ဆွေးနွေး အကြံပေးပညာရှင် ဒေါက်တာအေးမြတ်လွင်မှ သင်ကြားပေးခဲ့ပါသည်။

FacebookTwitter