အမျိုးသားလွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြူလုပ်ခြင်း

ကရင်ပြည်နယ်၊ဒီဇင်ဘာ ၆

(၂၈.၁၂.၂၀၁၇)ရက်နေ့တွင်ဘားအံမြို့၊ဟိုတယ်Gabbana၌အမျိုးသားလွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌနှင့် အဖွ့ဲဝင် ကိုယ်စားလှယ်များ၊လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရူပါမြ၊ UNICEF ကိုယ်စားလှယ်တို့သည် ကရင်ပြည်နယ် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် ်များအား တွေ့ဆုံပွဲ ပြုလုပ်ကာ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင်အမျိုးသားလွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌဒေါက်တာမြသောင်းမှ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ကော်မတီ အတွင်း ရေးမှူး ဒေါ်စူစန်နာလှလှစိုးမှ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကရင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှကရင်ပြည်နယ်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းဆောင်ရွက် များကလေးသူငယ်မှုခင်းများအမျိုးသမီးစောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်များအားရှင်းလင်တင်ပြခဲ့ပါသည်။ ထို့နောက် ဘားအံမြို့နယ် ဖြစ်ရပ်စီမံခန့် ခွဲသူများမှ ကလေးသူငယ်မှုခင်း ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အောင်မြင်မှုများ အခက်အခဲများ လိုအပ်ချက်များအား ဆက်လက်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာကြသော INGOs များ NGOs များ CBO များမှ လုပ်ငန်းဆောင်တာများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ဥက္ကဌနှင့် ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးစကားများ ပြန်လည်ပြောကြားပေးခဲ့ပါသည်။

                                                                                                       

FacebookTwitter