ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၇)ကျင်းပပြုလုပ်ခြင်း

ပဲခူးတိုင်းဒေသကြီး၊၂၀၁၇ ၊ဒီဇင်ဘာ ၇


ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၇)ကိုပဲခူးမြို့၊သီရိဟံသာခန်းမ၌(၇.၁၂.၂၀၁၇) ရက်နေ့၊နံနက်(၉)နာရီအချိန်ကကျင်းပပြုလုပ်သည်။ရှေးဦးစွာပဲခူးတိုင်ဒေသကြီးအမျိုးသမီးရေးရာကော်မတီဥက္ကဌ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဦးမောင်မောင်လွင်မှအမျိုးသမီးများတန်းတူအခွင့်အရေးရရှိစေရန်မတရားခွဲခြား ဆက်ဆံမှုများအကြမ်းဖက်မှုများ၊အမျိုးသမီးများလုံခြုံစိတ်ချစွာမိမိတို့လုပ်ငန်းတာဝန်များကိုဆောင်ရွက်နိုင်ရန်အမျိုးသမီးများအားကိုးအားထိုက်သောအဖွဲ့အစည်းဖြစ်ရန်အတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ပြောကြားသည်။ထို့နောက် ပဲခူးတိုင်ဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူ း ဦးသုတမှ ကော်မတီ၏လုပ်ငန်းတာဝန်များ၊တိုင်ဒေသကြီး၊ပြည်နယ်အ လိုက်ကောင်အထည်ဖော်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြောကြားကာ တက်ရောက်လာသည့် တိုင်ဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ ပညာရေး၊ကျန်းမာရေး၊လေ့ကျင်ပေးရေး၊အကြမ်းဖက်မှုအရေးပေါ်အခြေအနေများ၊စီးပွားရေးအခြေအနေများနှင့်စပ်လျဉ်း၍အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများ၊မီဒီယာမှတစ်ဆင့်အသိပညာပေးဆောင်ရွက်ချက်များ၊လူမှောင်ခိုကူးမှုများပပျောက်စေရန်အသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခြင်းစသည်တို့ကိုအသီးသီးဆွေးနွေးတင်ပြကြသည်။ယင်နောက် ကော်မတီဥက္ကဌမှ မသန်စွမ်းသူများကိုလည်းကျန်းမာရေးစောင်ရှောက်မှုပညာပေးခြင်းများဆောင်ရွက်ပေးရန်နှင့်အမျိုးသမီးရေးရာအနေဖြင့် အသိပညာပေးအခမ်းအနားများကိုဆောင်ရွက်ပေးနိုင်ရန်မှာကြားသည်။အဆိုပါအခမ်းအနားသို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊တိုင်ဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊တိုင်ဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင်မှု ကြီးကြပ်ရေးအဖွဲ့၊မြန်မာအမျိုးသမီးများစွမ်ဆောင်ရှင်အသင်းတို့မှ တက်ရောက ်ခဲ့ကြပါသည်။

 

 

 

FacebookTwitter