ဗလာစာအုပ်၊အဝတ်အထည်၊အသုံးအဆောင်ပစ္စည်းများလှူဒါန်းခြင်း

 

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၁၂

        လူမှုဝန်ထမ်းဦးစီးဌာန၊ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းတွင်စောင့်ရှောက်လျက်ရှိသောသင်တန်း ကျောင်းသားများအားမြန်မာတရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှဗလာစာအုပ်အဝတ်အထည်နှင့်အသုံးအဆောင်များလှူဒါန်းပွဲအခမ်းအနားအား(၉.၁၂.၂၀၁၇)ရက်နေ့တွင်ကျင်းပပြုလုပ် ခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမျိုးဆက်အောင်မှတက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။အဆိုပါအခမ်းအနားသို့လူမှုဝန်ထမ်းဦးစီး ဌာနမှတာဝန်ရှိဝန်ထမ်းများ၊မြန်မာတရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှတာဝန်ရှိသူများနှင့်ကျိုက်ဝိုင်းလူငယ်သင်တန်း ကျောင်း၊ကျောင်းအုပ်နှင့်ဝန်ထမ်းများ၊သင်တန်းကျောင်းသား များတက်ရောက်ခဲ့ကြပါသည်။

FacebookTwitter