ကာယစွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခြင်း

ပဲခူးတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ၁၃
လူမှုဝန်ထမ်းဦးစီးဌာန၊ပဲခူးမြို့အမှတ်(၂)မူလတန်းကြိုကျောင်းတွင်(၁၃.၁၂.၂၀၁၇)ရက်နေ့၌မူကြိုကလေးများစွမ်းရည်ဖွံ့ဖြိုးလာစေရန်ကာယ စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာမူကြိုအငယ်အဆင့်ကလေးငယ်များကရိုးရိုးပြေးခြင်း၊အာလူးကောက်ခြင်း၊ကျောပိုးအိတ်လွယ်ပြေးခြင်း၊မုန့်စားခြင်း များပြိုင်ပွဲဝင်ကြပြီးမူကြိုအကြီးအဆင့်ကလေးငယ်များကအရောင်ဆင့်စီခြင်း၊ပန်းကြိုးထိုးခြင်း၊အင်္ကျီဝတ်၊အရုပ်စီး၊လက်ဆင့်ကမ်းသယ်၊စသည့် အားကစားနည်းများဖြင့်ပါဝင် ယှဉ်ပြိုင်ကြသည့်အပြင်ဆရာမများကလည်းစာအုပ်ရွက်၍ပြေးခြင်းဖြင့်ပျော်ရွှင်စွာကစားကြပါသည်။
ထို့နောက်ပြိုင်ပွဲအသီးသီးဆုရရှိသောမူကြိုသားငယ်/သမီးငယ်များအားပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိဒေါ်ဝါဝါဝင်းကျော် ၊ကျောင်းအုပ်ဆရာမကြီးဒေါ်ထားထားစိုးနှင့်ကျောင်းအကျိုးတော်ဆောင်များကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

 

 

 

FacebookTwitter