၂၀၁၇ - ၂၀၁၈ခုနှစ်၊အသက်မွေးမှုပညာရပ်များသင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

  ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၁၃        လူမှုဝန်ထမ်းဦးစီးဌာန၊မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ရန်ကုန်မြို့တွင်(၈.၁၂.၂၀၁၇)ရက်နေ့၌၂၀၁၇-၂၀၁၈ခုနှစ်၊အသက်မွေးမှုပညာရပ်များ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီးဦးစီးမှူးတက်ရောက်သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီးသင်တန်းဆင်းလက်မှတ်များချီးမြှင့်ခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ဌာနဆိုင်ရာနှင့်အဖွဲ့အစည်းများမှဖိတ်ကြားထား သူများ၊သင်တန်းသားများတက်ရောက်ခဲ့ပါသည်။ယင်းသင်တန်းတွင်ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက်ကျွမ်းကျင်သည့်အသက် မွေးဝမ်းကျောင်းပညာရပ်ဖြင့်ဘဝရပ်တည်နိုင်ရေးစက်ချုပ်၊ဓာတ်ပုံ၊ဆံသ၊ကွန်ပြူတာစသည့်အသက်မွေးမှုပညာရပ်များအား(၃)လတာ သင်ကြား၊လေ့ကျင့်ပေးခဲ့ပါသည်။
 

FacebookTwitter