နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့အထိမ်းအမှတ်မူကြိုကလေးများကာယစွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခြင်း

ပဲခူးတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ၁၄
လူမှုဝန်ထမ်းဦးစီးဌာန၊အမှတ်(၁)မူလတန်းကြိုကျောင်း၌(၁၄.၁၂.၂၀၁၇)ရက်နေ့၊နံနံက်(၈း၀၀)နာရီတွင်နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြိုလှုပ်ရှားမှုအနေဖြင့်မူကြိုကလေးများစွမ်းရည်ဖွံ့ဖြိုးလာစေရန်ကာယစွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာမူကြိုသားငယ် သမီးငယ်လေးများကရိုးရိုးပြေးခြင်း၊ကားမောင်းပြိုင်ခြင်း၊စက်ဘီးစီးပြိုင်ခြင်း၊အာလူးကောက်ပြေးခြင်း၊လက်ဆင့်ကမ်းပြေးခြင်း၊ဘူးဆင့်၍ပြေးခြင်း ၊ဇွန်းဖြင့်ဘောလုံးသယ်ခြင်း၊အရောင်ရွေး၍ပြေးခြင်း၊ခါးကွင်းလှည့်ပြိုင်ခြင်းစသည့်အားကစားနည်းများဖြင့်ပါဝင်ယှဉ်ပြိုင်ကစားကြပြီးပြိုင်ပွဲအသီးသီး ဆုရရှိသောမူကြိုသားငယ်/သမီးငယ်များအားပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိဒေါ်ဝါဝါဝင်းကျော်၊အမှတ်(၁)မူကြိုကျောင်းအုပ် ဆရာမကြီးဒေါ်ထားထားစိုး၊အမှတ်(၂)မူကြိုကျောင်းအုပ်ဆရာမကြီးဒေါ်သင်းသင်းကြူနှင့်ကျောင်းအကျိုးတော်ဆောင်များကဆုများပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။

FacebookTwitter