စံချိန်စံညွှန်းများစာအုပ်ဖြန့်ချီမိတ်ဆက်ခြင်းအခမ်းအနားကျင်းပခြင်း

မွန်ပြည်နယ်၊ ၂၀၁၇၊ဒီဇင်ဘာ ၁၅

စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများတည်ထောင်ခွင့်ပြုအမိန့်မှတ်ပုံတင်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်နှင့်ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့်ပြုစုစောင့်ရှောက်ခြင်းနှင့်အကာအကွယ်ပေးခြင်းဆိုင်ရာစံချိန်စံညွှန်းများစာအုပ်ဖြန့်ချီမိတ်ဆက်ခြင်းအခမ်းအနားကိုမွန်ပြည်နယ် ၊မော်လမြိုင်မြို့၊အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းခန်းမ၌(၁၄.၁၂.၂၀၁၇)ရက်နေ၊့(၀၉:၀၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် လူမှုရေးဝန်ကြီးမှအဖွင့်အမှာစကားပြောကြားပြီးမွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ပြည်နယ်ဦးစီးမှူးမှအဆိုပါစာအုပ်များအားမိတ်ဆက်ရှင်းလင်းတင်ပြပါ သည်။၎င်းနောက်Unicefမှအခြားနည်းဖြင့်စောင့်ရှောက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်အားရှင်းလင်းတင်ပြပြီးနောက်အစည်းအဝေးကိုတက်ရောက်လာသူ များကမေးမြန်းဆွေးနွေးကြပြီး(၁၁း၀၀)နာရီတွင်အခမ်းအနားကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ယင်းအခမ်းအနားသို့လွှတ်တော်ကိုယ်စားလှယ် များပြည်နယ်အဆင့် ဌာနဆိုင်ရာများခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများဂေဟာနှင့်ရိပ်သာများမှတာဝန်ရှိ သူများလူမှုရေးအဖွဲ့အစည်းများ စုစုပေါင်းအင်အား (၁၂၀) ဦး တက်ရောက်ခဲ့ပါသည်။

FacebookTwitter