CEDAW၊ NSPAW၊ GENDER အသိပညာပေးလုပ်ငန်းအစီအစဉ်များဆောင်ရွက်ခြင်း

  နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၂၇ 

             လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် UNFPA၊ သင်္ဂဟ Gender အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ CEDAW ၊ NSPAW၊ GENDER အသိပညာပေးလုပ်ငန်းရပ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်မှု အခြေအနေ များ ကို(၅.၁၂.၂၀၁၇)ရက်နေ့တွင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့လည်းကောင်း၊(၆.၁၂.၂၀၁၇)ရက်နေ့တွင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့လည်းကောင်း၊(၇.၁၁.၂၀၁၇) ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသို့လည်းကောင်း၊ (၈.၁၂.၂၀၁၇)ရက်နေ့တွင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့လည်းကောင်း၊(၁၁.၁၂.၂၀၁၇)ရက်နေ့တွင်နယ်စပ်ရေးရာဝန်ကြီးဌာနသို့ လည်းကောင်း အသိပညာပေးလုပ်ငန်းအစီ အစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။

             ဝန်ကြီးဌာနအလိုက်တက်ရောက်သူ ကျား(၁၅၆)ဦး၊ မ (၆၉၄)ဦး၊ စုစုပေါင်း လူဦးရေ (၈၅၀)ဦး တက်ရောက်ခဲ့ပါသည်။

FacebookTwitter