ရခိုင်ပြည်နယ်အတွင်းရှိကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေး သူငယ်များအားငွေကြေးထောက်ပံ့ပေးခြင်းအစီအစဉ် (Maternal and Child Cash Transfer- MCCT Program) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးညှိနှိုင်းစည်းဝေး

 နေပြည်တော်၊ ၂၀၁၇ ၊ဒီဇင်ဘာ ၂၇          လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်ကလေးသူငယ်များ၏အာဟာရအညွှန်းကိန်းများမြင့်မားတိုးတက်လာစေရန်နှင့်ကျန်းမာကြံ့ခိုင်ပြီးဉာဏ်ရည်မြင့် မားသောအနာဂတ်မျိုးဆက်သစ် သားကောင်း ရတနာလေးများအားမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသားလူမှှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ပါMaternal and Child Cash Transfer Programကိုမြန်မာနိုင်ငံတွင်ထုတ်ပြန်ထားသောစစ်တမ်းအချက်အလက်များအရအဓိ ကဆောင်ရွက်ရန်လိုအပ်လျက် ရှိသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ် တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

          ယခုအခါအဆိုပါအစီအစဉ်အားအာဟာရအညွှန်းကိန်းဒုတိယအနိမ့်ကျဆုံးဖြစ်သည်‌့ရခိုင်ပြည်နယ်တွင်အောင်မြင်စွာစတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်သည့် အဆင့်မြင့်အရာရှိကြီးများညှိနှိုင်းအစည်းအဝေးကိုနေပြည်တော်၊ M Gallery ဟိုတယ်၌(၂၆.၁၂.၂၀၁၇) ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင်ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့်ဖွံ့ဖြိုးမှုှုမိတ်ဖက်အဖွဲ့အစည်းများဖြစ် သည့်ယူနီဆက်၊ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံတွင်ဒီမိုကရေစီအ သွင်ကူးပြောင်းရေးဖော်ဆောင်ရာတွင်လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေးကြိုးပမ်းနေပါကြောင်း၊လူ့အခွင့်အရေးအနေဖြင့်ပြောလျှင်လူသား ဘဝအစမှသက်ကြီးရွယ်အိုအထိလူမှုရေးလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရေးဆောင်ရွက်နေပါကြောင်း၊ကိုယ်ဝန်‌ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်များအားငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်သည်လူမှုရေးအရလိုအပ်ချက်များ ကိုဖြည့်ဆည်းပေးခြင်းဖြင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကိုဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူသားဘဝအစရက်ပေါင်း (၁၀၀၀) အတွင်း အာဟာရဖွံ့ဖြိုးရေးသည် အရေးကြီးပါကြောင်း၊လူသားဘဝအစကာလအတွင်း ဦးဏှောက် ဖွံ့ဖြိုးရေးသည် (၈၀)ရာခိုင်နှုန်းကျော်ပြီးသွားပြီဖြစ်၍ အာဟာရပြည့်ဝစွာ စာသုံးရေးသည် အရေးကြီးပါကြောင်း၊ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ၎င်းတို့မမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်သည်လူသားဘဝရက်ပေါင်း(၁၀၀၀)အတွင်းငွေကြေးပံ့ပိုးပေးရုံတစ်ခုတည်း မဟုတ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်အာဟာရ၊ မီးဖွားပြီးနှင့် နို့တိုက်မိခင် အာဟာရ၊ ကလေးဖြည့်စွက်အာဟာရစသည်ဖြင့် အာဟာရပြည့်ဝစွာ စားသုံးကြရေးအတွက် အသိပညာပေး၊ အမူအကျင့်ပြောင်းလဲရေးလုပ် ငန်းများပါ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊သို့မှသာမိမိတို့မျှော်မှန်းသည့် အာဟာရပြည့်ဝပြီးဉာဏ်ရည်ဖွံ့ဖြိုးသောလူ့စွမ်းအားအရင်းအမြစ်များရရှိလာမှာဖြစ်ကြောင်း၊၊အနာဂါတ်အတွက်ရင်းနှီးမြှပ်နှံမှုဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရဦးဆောင်ဆောင် ရွက်နေသော်လည်းသက်ဆိုင်ရာဝန်ကြီးဌာနများဖြစ် သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် အကောင်အထည်ဖော် ရေးအတွက် အစိုးရ၊ လွှတ်တော်၊ ပြည်သူပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးးတိုးတက်ရေး ဆောင်ရွက်အကောင်အထည်ဖော်ရာတွင် လူမှုသဟဇာတ ဖြစ်ရေးသည် အရေးကြီးပါကြောင်း၊ ဝန်ဆောင်မှုပေးနေသည့်ဌာနများအားလုံး အဆင့်ဆင့် အချင်းချင်းစည်းလုံးညီညွတ်စွာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ တချိန်တည်းမှာပင် ပြည်သူလူထုအတွက် ရှင်းလင်းပြတ်သားသော သတင်းစကားများ ပေးရန် လိုအပ်ပါကြောင်း၊ လက်ရှိစာရင်းဇယားများအရရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများအားလုံးသည် ရခိုင်ပြည်နယ်လူဦးရေ၏ (၇၀%) ခန့်ရှိပြီး မူဆလင်လူမျိုး (အစ္စလမ်ဘာသာဝင်)မှာ (၃၀%)ခန့်သာရှိပါကြောင်း၊ ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ၎င်းင်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်များအားငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်၏ အခြေခံမူအရ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည်ဖြစ်ပါ၍ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ဆောင်ရွက်မှာ ဖြစ်ပါြကောင်း၊ ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် ရခိုင်ပြည်နယ်တစ်ပြည်လုံးတွင် ငွေကြေးပံ့ပိုးပေးနိုင်ရေး အတွက်မြိဲ့နယ်များတွင် အသိပညာပေးပွဲများဆောင်လျက်ရှိရာ မြို့နယ်(၁၇) မြို့နယ်အနက် (၁၁)မြို့နယ်တွင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိပြည်သူများပိုမိုသိရှိပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သတင်းမီဒီယာများမှတဆင့် အသိပေးပြောကြားလျက်ရှိပါကြောင်း၊ ပြောကြားသွားပါ သည်။

          ၂၀၁၈ခုနှစ် ဇန်နဝါရီလတတိယနှင့် စတုတ္ထအပါတ်များတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးအထောက်အပံ့ပေးခြင်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အစီအစဉ်တွင် ကိုယ်ဝန်ဆောင်မိခင် များအားလုံးအားတစ်လလျှင် ငွေကျပ် ၁၅,၀၀၀/-နှုန်းဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့သွားမည်ဖြစ်ပါ ကြောင်းသတင်းရရှိပါသည်။

FacebookTwitter