ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇ ၊ဒီဇင်ဘာ ၂၉

                 (၂၈.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၉:၀၀)နာရီတွင် ပုသိမ်မြို့၊ အမှတ်(၁)အြခေခံပညာအထက်တန်း ကျောင်း၊  ရတနာတန်ဆောင်ခန်းမ၌  လူမှုဝန်ထမ်းဦးစီးဌာနနှင့်အမျိုးသမီးအဖွဲ့များကွန်ယက်(မြန်မာ)WONတို့ပူးပေါင်း၍ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာမန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊အမျိုးသမီးရေးရာကော်မတီဝင်များ၊ INGO,NGOsများ၊လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊စေတနာ့ဝန်ထမ်းအရာရှိများ၊ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာမှတာဝန် ရှိသူများ အင်အား (၁၀၀) တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင်ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်က လူမှုဝန်ထမ်းလုပ်ငန်းများ အကြောင်းရှင်းလင်းဆွေးနွေးပြီး WON ကော်မတီ  အကြံ ပေးအရာရှိဒေါ်သူဇာတင်ကအမျိုးသမီးကွန်ယက်များအကြောင်း၊WON ညှိနှိုင်းရေးမှူး ဒေါ်နော်ဖရီးရာကအမျိုးသမီးများအပေါ်အကြမ်းဖက်မှုများအကြောင်း၊ရှင်းလင်းပြောကြားပြီးတက်ရောက်လာသူများမှအုပ်စုဖွဲ့ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသည်။

FacebookTwitter