UEHRD ပြည်ထောင်စုစီမံကိန်းအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား စိစစ်လက်ခံနေရာချထားရေး ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်၊ စစ်တွေ၊၂၀၁၈၊ဇန်နဝါရီ ၃                                                             

          ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်ရောက်ရှိနေသောလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်UEHRDညှိနှိုင်းရေးမှူးချုပ်ဒေါက်တာအောင်ထွန်းသက်၊ဒုတိယဝန်ကြီးဦးစိုးအောင်တို့နှင့်အတူ(၂.၁.၂၀၁၈)ရက်ေ န့၊ နံနက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့သူများကို စိစစ်လက်ခံပြီး ပြန်လည်နေရာချထား ပေးမည့် လျာထားမြေနေရာများဖြစ်သော မြို့မိချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနှင့် ပွင့်ဖြူချောင်းကျေးရွာများကို ကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။ ပြန်လည်ဝင်ရောက်လာသူများ အတွက် မူလနေထိုင်ရာ နေရာ(သို့မဟုတ်) အနီးစပ်ဆုံးနေရာများတွင် စနစ်တကျ စုစည်း၍ မူလ အလုပ်အကိုင် (သို့မဟုတ်) ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ လုပ်ကိုင် နိုင်မည့် အခြေအနေများ ဖန်တီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ရေး ညှိနှိုင်းပေးခဲ့ကြပါသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဦးခရိုင်၊ မြေပုံမြို့ရှိ တောင်ပေါ် IDP စခန်းသို့ ရောက်ရှိကြပြီး IDP စခန်းတွင် ခေတ္တနေထိုင်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက ယာယီနေထိုင်ရန် ဆောက်လုပ်ထားသောစခန်းများတွင် သက်တမ်းကြာရှည်စွာ နေထိုင်ခြင်းဖြင့် ပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးကိစ္စများတွင် အခက်အခဲများ ကြုံတွေ့နေကြ သဖြင့် ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်ဖြစ်စေရန်အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြု စိစစ်ခံမည့်သူ၏လက်မှတ် (NVCard)များကို ပြုလုပ်ကိုင်ဆောင်ခြင်းဖြင့် (NV Card) ၏ အခွင့်အရေးများကို ရရှိကြမည်ဖြစ်ပြီး နေထိုင်သွားလာမှုများ ပိုမိုအဆင်ပြေလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို လက်တွေ့ဖြေရှင်းဖြည့်ဆည်းပေးနိုင်ရန် ဌာနဆိုင်ရာ များနှင့်လည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လက်ရှိစခန်းကို ဖျက်သိမ်းပြီး ပြန်လည်နေရာချထားရေး ကို စနစ်တကျ ဆောင်ရွက်ရန် ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

FacebookTwitter