လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအမှတ်စဉ်(၅)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈ ၊ဇန်နဝါရီ ၈

လူမှုဝန်ထမ်းဦးစီးဌာန၊လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၊ရန်ကုန်မြို့တွင်(၅.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၃း၀၀)နာရီ၌ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုအမှတ်စဉ်(၅)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးဒေါက်တာဒေါ်ကေသီကျော်နှင့် ဌာနငယ် သင်တန်းကျောင်းများမှကျောင်းအုပ်များ/သင်တန်းနည်းပြများနှင့် UNICEFမှတာဝန်ရှိသူများတက်ရောက် ခဲ့ကြပါသည်။ အဆိုပါ သင်တန်းအား(၂၅.၁၂.၂၀၁၇)ရက်နေ့မှ(၅.၁.၂၀၁၈)ရက်နေ့အထိရက်သတ္တနှစ်ပတ်ကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးလူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက် ရာတွင်နည်းလမ်းတစ်ရပ်ဖြစ်သည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲခြင်းအား လူမှုဝန်ထမ်းသမားများ သိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ လုပ်ဆောင် နိုင် စေ ရန်ရည်ရွယ်ကာလူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

 

FacebookTwitter