UEHRD လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာ သူများအတွက် ပြန်လည်နေရာချထားရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈ ၊ဇန်နဝါရီ ၈        ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောအကြမ်းဖက်ဖြစ်စဉ်များကြောင့်ခေတ္တနေရပ်စွန့်ခွာပြည်သူများအတွက်UEHRDပြည်ထောင်စုစီမံကိန်း၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် ပြန်လည် နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်များဆောက်လုပ်မှု မပြီးပြတ်သေးချိန်၌ ယာယီနေထိုင်နိုင်ရေးအတွက်လေမိုးဒဏ်ခံယာယီအဆောက်အဦများကိုအသင့်ပြင်ဆင်ထားရှိရန်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိပါသည်။    

          UEHRDဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် (၆.၁.၂၀၁၈)ရက်နေ့၊မွန်းလွဲပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးသို့သွားရောက်ပြီးကမ္ဘာ့ ဘဏ်ချေးငွေဖြင့် ဝယ်ယူထားရှိသည့် အလျား(၁၉ပေ x ၆လက်မ)၊ အနံ(၁၃ပေ x ၃လက်မ)၊ ခေါင်အမြင့် (၉ပေ x ၇လက်မ)ရှိ လူဦးရေ (၁၀)ဦးဆံ့ မိုးကာတဲများကို ကြည့်ရှုပါသည်။ မိုးကာတဲ များသည် ဘယ်ဂျီယံနိုင်ငံမှ ထုတ်လုပ်ထားဖြင်းဖြစ်ပြီး အရည်အသွေးကောင်းမွန်၍ (၁)လုံးအတွက် သင့်ငွေမှာ ကျပ်(၉)သိန်းကျော်ခန့် ဖြစ်ပါသည်။ ဝန်ကြီးဌာနအနေဖြင့် မိုးကာတဲ စုစုပေါင်း (၁၀၅၂)လုံးကို ဝယ်ယူထားရှိပြီး ရခိုင်ပြည်နယ်သို့ ပို့ဆောင်လျက်ရှိပါသည်။

          ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်များကိုCashForWorkအစီအစဉ်ဖြင့်တည်ဆောက်ပေးသွားမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း ယာယီနေထိုင်နိုင်ရေးအတွက် အဆိုပါမိုးကာတဲများကို အသုံးပြုနိုင်ရန် အသင့် ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter