အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်)အပတ်စဉ်(၈/၂၀၁၇)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၉

လူမှုဝန်ထမ်းဦးစီးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ရန်ကုန်မြို့တွင်အပတ်စဉ်(၈/၂၀၁၇) သင်တန်းဆင်းပွဲ အခမ်းအနားအား (၅.၁.၂၀၁၈)ရက်နေ့၌ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာကေသီကျော် တက်ရောက်ပြီး သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းအား စက်ချုပ်၊ဇာထိုး၊ပန်းထိုး၊အစားအစာအမျိုးမျိုး၊ မုန့်အမျိုးမျိုးပြုလုပ်နည်းများကို (၆)ပတ်တာ သင်ကြားပေးခဲ့ပြီးသင်တန်းသား/သူ(၃၃၃)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ် ခဲ့ပါသည်။

FacebookTwitter