အသက်(၆)လ မှ အသက်(၃)နှစ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း(၁/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ရှမ်းပြည်နယ်၊၂၀၁၈၊ဇန်နဝါရီ ၁၀          လူမှုဝန်ထမ်းဦးစီးဌာန၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍အသက်(၆)လမှအသက်(၃)နှစ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း(၁/၂၀၁၈)သင်တန်းဖွင့်ပွဲအခမ်းအနားအား(၈.၁.၂၀၁၈)ရက်နေ့၌တောင်ကြီးမြို့၊အေးသာယာမူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်း အနားသို့ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှပြည်နယ်ဦးစီးမှူး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများနှင့်အတူရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊တောင်ကြီးမူလတန်းကြိုကျောင်းနှင့်အေးသာယာမူလတန်းကြို ကျောင်းတို့မှတာဝန်ရှိ ဝန်ထမ်းများတက်ရောက်ဆောင်ရွက်ခဲ့ကြပါသည်။

FacebookTwitter