စမတောင် ပရဟိတဂေဟာသို့ ရွှွေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းမှ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနား

နေပြည်တော်၊၂၀၁၈၊ဇန်နဝါရီ ၁၀

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြုလယ်ဝေးမြို့နယ်၊စမတောင်ပရဟိတဂေ ဟာသို့ ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းမှ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို (၁၀.၁.၂၀၁၈)ရက်နေ့ နံနက် (ဝ၈:ဝဝ) နာရီတွင် စမတောင်ပရဟိတ ဂေဟာ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းကအဖွင့်အမှာစကားပြောကြားပြီးရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းမှအတွင်းရေးမှူးဦးမောင်အေးကပဲနို့လှူဒါန်းရခြင်းအကြောင်း အရင်းနှင့်ပဲနို့တိုက်ကျွေးရခြင်း၏အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်စမတောင်ပရဟိတဂေဟာမှတာဝန်ရှိသူ/ဂေဟာမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာမြသီတာမှ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် အသက်(၆)လအောက် ကလေးသူငယ် များအား စောင့်ရှောက်မှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဂေဟာဦးဆောင်ဆရာတော်၊ ဂေဟာမှူးနှင့် တာဝန်ရှိသူများအား ဆွေးနွေးခဲ့ပါသည်။ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ကလေးအထူးကု ပါမောက္ခ(ငြိမ်း) ဒေါက်တာအေးအေးသိန်းမှ မွေးကင်းစကလေးများပြုစု စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ လိုအပ်သည့် အကြံဉာဏ်များ ပေးရန်လိုက်ပါခဲ့ပြီးအဖွဲ့ဝင်များ အားလုံးမှ ဂေဟာ အတွင်းသို့ လိုက်လံကြည့်ရှုခဲ့ပါသည်။

FacebookTwitter