လူမှုဝန်ထမ်းဦးစီးဌာန၊မြောင်းမြမူလတန်းကြိုကျောင်းသို့လူမှုဖွံဖြိုးတိုးတက်ရေးအသင်းနှင့် Latter Day Saint Charities (LDSC)အဖွဲ့တို့မှရေကန် နှင့်ရေသန့် စက်လွှဲပြောင်း ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ၁၁
          လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမူလတန်းကြိုကျောင်းသို့လူမှုဖွံဖြိုးတိုးတက် ရေးအသင်းနှင့်Latter Day Saint Charities (LDSC) အဖွဲ့တို့မှရေကန်နှင့်ရေသန့်စက် လွှဲပြောင်း ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို (၁၀.၁.၂၀၁၈)ရက်နေ့ ၊နံနက်(၁၀)နာရီတွင် အဆိုပါမူလတန်းကြိုကျောင်း၌ကျင်းပရာဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ညွှန်ကြားးရေးမှူးဦးတင်ဇော်မိုး၊လူမှုဖွံဖြိုးတိုးတက်ရေးအသင်း ဥက္ကဌဒေါက်တာခင်မောင်ဝင်းLatterDaySaintCharities(LDSC)အဖွဲ့မှCountry Director Mr ChristoPher Roy Doyleနှင့်အဖွဲ့များ ၊မြောင်းမြခရိုင်/မြို့နယ်တို့မှဌာနဆိုင်ရာများ၊မြောင်းမြခရိုင်လူမှုဝန်ထမ်းရုးံ၊ဝန်ထမ်းများမြောင်းမြမူလတန်းကြိုကျောင်းမှကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ကျောင်းအကျိုးတော်ဆောင် များကျောင်းသားမိဘများတက်ရောက်ကြသည်။

အခမ်းအနားတွင်ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုးံညွှန်ကြားရေးမှူးဦးတင်ဇော်မိုးမှအဖွင့်အမှာစကားနှင့်ကျေးဇူးတင်စကားပြောကြားခြင်း/လူမှုဖွံဖြိုးတိုးတက်ရေးအသင်းဥက္ကဌဒေါက်တာခင်မောင်ဝင်းကလုပ်ငန်းစီမံကိန်း အကြောင်းရှင်းလင်းခြင်း/LatterDay Saint Charites (LDSC)အဖွဲ့မှ CountryDirector Mr Christo Pher Roy Doyle ကလှူဒါန်းရခြင်းအကြောင်းကိုရှင်းလင်းပြောကြားခြင်းနှင့်အပြန်အလှန်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊အမှတ်တရလက်ဆောင်ပေး အပ်ခြင်းနှင့်အမှတ်တရဓါတ်ပုံရိုက်ခြင်း၊ရေသန့်စက်ကိုလေ့လာရှင်းလင်းခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါရေသန့်စက်ကိုရင်သွေးငယ်ကျောင်းသား/ကျောင်းသူများကျန်းမာရေးနှင့်ညီညွတ်သောသန့်ရှင်းသည့်သောက်သုံးရေသုံးစွဲနိုင်ရေးရည်ရွယ် ၍လူမှုဖွံဖြိုးတိုးတက်ရေးအသင်းနှင့်Latter Day Saint Charities (LDSC) အဖွဲ့တို့ မှရေကန်နှင့်ရေသန့်စက်လွှဲပြောင်းပေးအပ် လှူဒါန်းခြင်းဖြစ်ပြီး (၆)ပေ ပတ်လည် ရေကန် (၂)ကန် ၊ (၅)ပေပတ်လည် ရေကန် (၁) ကန်နှင့် ရေသန့်စင်စက်တို့ပါဝင်ပြီး တန်ဘိုး ကျပ် (၇၆)သိန်း ရှိကြောင်း သိရသည်။

                                                                        

 

FacebookTwitter