စခန်းနှင့်ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသခြင်းနှင့်ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၅၂/၂၀၁၈) ဖွင့်လှစ်ခြင်း

ရှမ်းပြည်နယ်၊၂၀၁၈၊ ဇန်နဝါရီ ၁၆

လူမှုဝန်ထမ်းဦးစီးဌာန၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးလက်အောက်ရှိလားရှိုးပြန်ထူစခန်းတွင်စခန်းနှင့်ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကု သခြင်းနှင့်ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၅၂/၂၀၁၈)ဖွင့်လှစ်ခြင်းအခမ်းအနားကို(၁၅.၁.၂၀၁၈)ရက်နေ့၌သင်တန်းသား(၂၅)ဦးဖြင့် စတင်ဖွင့်လှစ်ကျင်းပခဲ့ရာရာရှမ်းပြည်နယ်အစိုးရအဖွဲ့၊ဗမာတိုင်းရင်းသားဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး မှပြည်နယ်ဦးစီးမှူးဦးထွန်းဦး၊လားရှိုးခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးဒေါ်အေးအေးမြင့်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ သင်တန်းသားများ၏ အဟာရနှင့်တူညီဝတ်စုံများထောက်ပံ့ပေးရန်အတွက်အလှူရှင်များမှ လှုဒါန်းငွေ(၁၂)သိန်းအား လှူဒါန်းခဲ့ရာ လားရှိုး မူးယစ် ပြန်လည်ထူထောင်ရေးစခန်း ၊တာဝန်ခံမှ လက်ခံရရှိခဲ့ပါသည်။

 

FacebookTwitter