Gender Budgeting အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊၂၀၁၈ ၊ ဇန်နဝါရီ ၁၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ဦးဆောင်၍  Gender Budgeting အစည်းအဝေးကို လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါ အစည်းအဝေးသို့ကျား၊မရေးရာကဏ္ဍများနှင့်ပတ်သက်၍အဓိကဆောင်ရွက်ပေးမည့်သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊နိုင်ငံ တကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျုဟာစီမံကိန်းအကောင် အထည်ဖော်ဆောင် ရွက်မည့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ကြပါသည်။ အဆိုပါအစည်းအဝေးတွင်လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးကအမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံများ အစည်းအဝေးဆုံးဖြတ်ချက်များအရ ပထမဦးစွာ Gender budgeting proposalကို အင်ဒိုနီးရှားနိုင်ငံနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါကြောင်း၊ ဒုတိယအဆင့် အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးအသီး၏ ဘတ်ဂျက် line item များ အောက်တွင် Gender Budgeting line ကို လျာထား ထည့်သွင်းရေးဆွဲနိုင်ပါက မိမိတို့နိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံများအကြားတွင် မျက်နှာပန်းလှဦးဆောင်နိုင်မည် ဖြစ်ပါကြောင်းပြောကြားသွားပါသည်။

 ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်မှ ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာန သည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ဘဝလုံခြုံရေး ၊ ကျား/မ တန်းတူညီမျှရေးကို လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့် မဟာ ဗျုဟာစီမံကိန်းများကိုစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် အမှတ် (၅) နှင့် ချိတ်ဆက်၍ ထည့်သွင်း ဆောင်ရွက်နေပါကြောင်း၊ ယခုတက်ရောက်လာကြသော ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် ကျား၊ မရေးရာကဏ္ဍများအတွက် ဘတ်ဂျက်ထည့်သွင်းရေးဆွဲတောင်းခံရန်နှင့် အမျိုးသမီးငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက်လည်းဘတ်ဂျက်လိုင်းတစ်ခုပါဝင်လာစေရန်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများတွင် Gender budgeting ကို ဥပဒေဖြင့် ပြဌာန်းထားပါကြောင်း၊ ကျား၊ မရေးရာကဏ္ဍများအတွက် ဘတ်ဂျက်ကိုနိုင်ငံတော်၏နှစ်အလိုက်စီမံချက်များတွင်ရေးဆွဲပြီးဝိုင်းဝန်းအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်လိုအပ်ပါြကောင်း၊ မိမိတို့လက်ရှိ ဆောင်ရွက်နေ သည့် လုပ်ငန်းစဉ်များတွင် ဦးစီးဌာနများအနေဖြင့် ကျား၊ မရေးရာကိုကဏ္ဍစုံနှင့် ဆက်စပ်သည့် ကိစ္စရပ်များတွင် ဘတ်ဂျက်ထည့်သွင်း စဉ်းစားရေးဆွဲထားခြင်း မရှိသေးသည့် ဌာနဆိုင်ရာများ အဖွဲ့အစည်းများ၏ စီမံချက်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေး လိုအပ်ပါကြောင်းပြောကြားပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ၊အမျိုးသမီးဖွံဖြိုးတိုးတက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးမှ Gender Budgeting နှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးရာတွင် မိမိတို့ဌာနအနေဖြင့် အာဆီယံအမျိုးသမီးရေးရာ ကော်မတီ (ACW)၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများ  ကာကွယ်မှုမြှင့်တင်ရေး ကော်မရှင်(ACWC)တို့၏ work plan များအရ အကောင်ထည်ဖော်ဆောင်ရွက်မှု အခြေ အနေကိုတင်ပြပြီး အစိုးရဝန်ကြီးဌာန များအနေဖြင့် gender နှင့်ပတ်သက်၍ budget သီးခြား မရှိသည့်အတွက် တိုင်းဒေသကြီး / ပြည်နယ်များတွင် Gender Budgetingနှင့် ပတ်သက်၍  အခက်အခဲများရှိနေကြောင်းနှင့် အဆင့်မြှင့်အရာရှိကြီးများအစည်းအဝေးတွင် မူဝါဒဆိုင်ရာ အကြံပြုချက်ဖြစ်သည့်  အမျိုးသမီးများငြိမ်းချမ်းရေး နှင့် လုံခြုံရေး လုပ်ငန်းစဉ်များတွင် Gender budgetကို ( ၅ )ရာခိုင်နှုန်းထားရှိရန် နှင့် ထည့်သွင်းတောင်းခံရန် လိုအပ်ပါကြောင်းဖြင့် ဆွေေးနွးခဲ့ပါကြောင်းတင်ပြ သွား ပါသည်။  အစည်းအဝေးဆုံးဖြတ်ချက်များအနေဖြင့် Gender Budgeting  နှင့် ပတ်သက်၍ အမျိုးသားအဆင့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်တွင် ကျင်းပရန်လျာထားပြီး ၎င်းအစည်းအဝေးမတိုင်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အနေဖြင့် နိုင်ငံတော်အဆင့်  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ကျင်းပ မည် ဖြစ်ပါသည်။ Gender Budgetingကို အင်ဒိုနီးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် (၁၆)ကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ အမျိုးသားအဆင့် Gender Budgeting အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံအဖွဲ့ဝင်များအား ဖိတ်ကြားသွားမည်ဖြစ်ပြီး  မိမိတို့နိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆုံးဖြတ်ချက်ပေးနိုင်မည့် ညွှန်ကြားရေးမှုူးချုပ်အပါအဝင် အဆင့်မြင့် အရာရှိကြီးများကိုပါဖိတ်ကြား သွားမည်ဖြစ်ကြောင်းအတည်ပြုခဲ့ကြပါသည်။  ထို့နောက် Gender

budgeting proposal ကို ကောင်းမွန်စွာပြင်ဆင်ရေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ Gender နှင့်ပတ်သက်သည့် ကျား/မခွဲခြားပြသထားသည့် စာရင်းဇယား (Data)များအား လူမှုဝန်ထမ်းဦးစီးဌာနသို့ ပေးပို့ပေးပါရန် ပြောကြားရင်းဖြင့် အစည်းအဝေးကို နံနက် (၁၂ )နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

 

FacebookTwitter