အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းဖွင့်လှစ်ခြင်း

  စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၈၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ဗန်းမောက်မြို့နယ်တွင်အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းကို(၈.၁.၂ဝ၁၈)ရက်နေ့တွင်ဗန်းမောက်မြို့နယ် ၊မြို့တော်ခန်းမ၌ သင်တန်းသား(၃ဝ)ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ တိုင်းဦးစီးမှူးမှ အဖွင့်အမှာစ ကားပြောကြားခဲ့ပါသည်။အဆိုပါသင်တန်းသို့ဗန်းမောက်မြို့နယ်အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊လူမှုကူညီရေးအသင်းများ၊စေတနာ့ ဝန်ထမ်းပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။သင်တန်း ကာလမှာ(၈.၁.၂၀၁၈)ရက်နေ့ မှ (၁၁.၁.၂ဝ၁၈)ရက်နေ့အထိဖြစ်ပါသည်။

 

FacebookTwitter