လှူဒါန်းမှုပြုပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၈ ၊ဇန်နဝါရီ ၁၉

(၁၉.၁.၂၀၁၈)ရက်နေ့၊နံနက်(၉း၃၀)နာရီတွင်လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်းအမှတ်(၁)၊ပဲခူးမြို့၌ ကိုရီးယားနိုင်ငံမှလှူဒါန်းမှုပြု ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးအဖွင့်အမှာ စကားပြောကြားပြီးKorea University Council For Social Service Under by KOICA (KUCSS) မှ Volunteer များကနှုတ်ဆက် စကား  ပြောကြား၍လှူဒါန်းပစ္စည်းများအားလွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါသည်။ထို့နောက်တိုင်းဒေသကြီးဦးစီးမှူးမှဂုဏ်ပြုမှတ်တမ်းလွှာ များပြန်လည်ပေးအပ်ပြီးအမှတ်(၁)မူလတန်းကြိုကျောင်း၊ကျောင်းအုပ်မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ယင်းနောက်မူကြိုကျောင်း ကလေးငယ်လေးများကတေးသီချင်းများဖြင့်သီဆိုပြီးVolunteerများကအကများနှင့်ဖျော်ဖြေတင်ဆက်ကြသည်။အဆိုပါ Volunteer များသည်ပဲခူးအမှတ်(၁)မူလတန်းကြိုကျောင်းအတွင်းကျောင်းအားကစားကွင်းအမိုးမိုးလှူဒါန်းပေးခြင်း၊ကလေးထမင်းစားပွဲခင်းများ၊စီးလျှော၊ဖိနပ်စင်၊ ပန်ကာ၊ကျောင်းဆောင်အားဆေးပန်းချီရေးဆွဲခြင်း၊ဟန်ချက်ညီကစားရန်သင်ထောက်ကူပစ္စည်းကုလားထိုင်၊LapTop၊ကလေးစီးကား ၊ကျောင်းဆိုင်းဘုတ်စသည့်တန်းဘိုးငွေ (၅၄)သိန်းကျော်ရှိပစ္စည်းများကိုလွှဲပြောင်းပေးအပ်လှူ ဒါန်းခဲ့ကြောင်းသိရသည်။

 

 

FacebookTwitter