အခြေခံလျှပ်စစ်သင်တန်း၊သတ္တုလုပ်ငန်းသင်တန်းနှင့်လက်မှုပညာသင်တန်း ဖွင့်ပွဲကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၃        လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကော့မှူးမြို့၊ရန်ကုန်တိုင်းဒေသကြီးတွင်(၂၂.၁.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၃၀)နာရီ အချိန် ၌ Centre of Vocational Training (CVT ) Myanmar မှ သင်တန်းကျောင်းသားကလေးများ အား သက်မွေးလုပ်ငန်းပညာရပ်များ တတ်မြောက်စေရန်အတွက်အခြေခံလျှပ်စစ်သင်တန်း၊သတ္တုလုပ်ငန်းသင်တန်းနှင့်လက်မှုပညာသင်တန်းဖွင့်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ ပါသည်။အဆိုပါအခမ်းအနားသို့(CVT)Myanmarမှတာဝန်ရှိသူများ၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှဝန်ထမ်းများနှင့်သင်တန်းကျောင်းသား များတက်ရောက်ခဲ့ကြပါသည်။

 

 

FacebookTwitter