မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေး အသိပညာပေးရှင်းလင်းခြင်း

မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၃

(၂၁.၁.၂၀၁၈)ရက်နေ့တွင်ပြင်ဦးလွင်မြို့နယ်၊အောင်ချမ်းသာကျေးရွာတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှမိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအသိပညာပေးရှင်းလင်းခြင်းအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)ဦးအောင်ကျော်မိုး၊တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီးဦးစီးမှူးဦးကျော်ဝင်း၊ပြင်ဦးလွင်ခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူး၊ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များမှအသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။အဆိုပါအခမ်းအနားသို့ဖိတ်ကြားထားသူများနှင့် မိဘပြည်သူများတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားပြီးနောက်ကလေးငယ်များအားအာဟာရမုန့်ထုတ်များပေး ဝေခဲ့ကြပါသည်။

 

FacebookTwitter