စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၁ ) ၂၀၁၈ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ၂၀၁၈၊ဇန်နဝါရီ ၂၃

လူမှုဝန်ထမ်းဦးစီးဌာန၊ ဗန်မော်ခရိုင်လူမှုဝန်ထမ်းရုံးခန်းမတွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း အမှတ်စဉ် (၁) ၂၀၁၈ဆင်းပွဲ အခမ်းအနားအား(၁၉.၁.၂၀၁၈)ရက်နေ့၊မွန်းလွဲ(၁၅း၀၀)နာရီတွင်ကျင်းပခဲ့ရာဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ဖိတ်ကြားထားသူများနှင့် သင်တန် းသားများတက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင်ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွန်ကြားရေးမှူးဦးသန်းထွန်းအောင်မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီးဘာသာရပ်အလိုက်သင်ကြားပို့ချပေးသောနည်းပြဆရာများကိုဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများမှ သင်တန်းသား ( ၂၅ )ဦးအား သင်တန်းဆင်းလက်မှတ်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါ သည်

FacebookTwitter