NV Card ကိုင်ဆောင်သူများအခွင့်အရေးအပြည့်အဝရရှိစေရေး ဖော်ဆောင်ပေးရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

 နေပြည်တော်၊ ၂၀၁၈၊ ဇန်နဝါရီ ၂၄          ရခိုင်ပြည်နယ်အတွင်းရှိNVCardကိုင်ဆောင်ထားသူများရရှိသင့်သည့်အကျိုးများရရှိနိုင်ရန်အတွက်ဆောင်ရွက်ပေးနိုင်ရန်ညှိနှိုင်းအစည်းအဝေး ကို(၂၂.၁.၂၀၁၈)ရက်နေ့၊ညနေပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် NV Card ကိုင်ဆောင်ထားသူများ ရရှိနိုင်သည့် အကျိုး(၈)ခု ရှိကြောင်း၊ ထိုအကျိုးများ အမှန်တကယ်ရရှိနိုင်ရန်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ဥပဒေနှင့်ညီညွတ်စွာသွားလာခွင့်ပြုရမည်ဖြစ်ကြောင်း၊လုံခြုံရေးနှင့်ပဋိပက္ခ မဖြစ်ပွားစေရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊NVCardကိုင်ဆောင်ထားပြီးနိုင်ငံသားလျှောက်ထား ဆဲကျောင်းသူ၊ကျောင်းသားများအနေဖြင့်လည်း အဆင့်မြင့်ပညာများအား သတ်မှတ် ချက်နှင့်ကိုက်ညီသော တက္ကသိုလ်များတွင် တက်ရောက်သင်ကြားနိုင်ရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက်လည်း မြို့နယ်ဆေးရုံများ၊ စစ်တွေဆေးရုံကြီးတို့ကို အချိန်မရွေး တက်ရောက်ကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ခွင့်ပြုချက်ဖြင့် ခရီးသွားလာရန် ခရီးသွားလာခွင့်ရရှိရေး ဆောင်ရွက်မှုများတွင် အဆင့်များလျှော့ချရမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနကခရီးသွားလာခွင့်ပုံစံ(၄)ထုတ်ပေးပြီးသက်ဆိုင်ရာလုံခြုံရေးအဖွဲ့များအား အသိပေးပြီး သွားလာခွင့် ပြုသင့်ကြောင်း၊ NV Card ထုတ်ပေးမှုများ၊ နိုင်ငံသားလျှောက်ထားမှုများအား အရှိန်မြှင့်တင် ဆောင်ရွက်ရန်အတွက် စစ်တွေမြို့နယ် သဲချောင်း၊သက္ကေပြင်နှင့် အောင်မင်္ဂလာရပ်ကွက်များ၊ မြေပုံမြို့နယ်တောင်ပေါ်စခန်းတို့တွင် ကနဦးလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဌာနအားလုံးပူးပေါင်း ဆောင်ရွက်ရန်အရေးကြီးကြောင်း ပြောကြား ပါသည်။

          အစည်းဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှအမြဲတမ်းအတွင်းဝန်များနှင့် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

         

FacebookTwitter