ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ပြည်သူသို့ထုတ်ပြန်ရမည့် (၄)လ (၁)ကြိမ် အစီရင်ခံစာ ပြုစုရေးသားနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 နေပြည်တော်၊ ၂၀၁၈၊ ဇန်နဝါရီ၂၅

          ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ပြည်သူသို့ထုတ်ပြန်ရမည့်(၄)လ(၁)ကြိမ် အစီရင်ခံစာပြုစုရေးသားနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၄-၁-၂၀၁၈) ရက်နေ့၊ နေ့လည်(၁)နာရီ တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၊ ဒုတိယဥက္ကဌဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူးဦးစိုးအောင်၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ကော်မတီဝင်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသော ဌာနဆိုင်ရာအဖွဲ့ အစည်းများမှတာဝန်ရှိသူများ စုံလင်စွာတက်ရောက် ကြပြီး ဆွေနွေးညှိနှိုင်း ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter