စာအုပ်များမိတ်ဆက်ဖြန့်ချီခြင်းအခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၅

(၂၅.၁.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန်တွင်ပဲခူးမြို့၊သီရိဟံသာခန်းမ၌လူမှုဝန်ထမ်းဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ခြင်းနှင့်ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်၊ဂေဟာ/သင်တန်းများတွင်အနိမ့်ဆုံးရှိရ မည့်ပြုစုစောင့်ရှောက်ခြင်းနှင့်အကာအကွယ် ပေးခြင်းဆိုင်ရာစံချိန်စံညွှန်းစာအုပ်များမိတ်ဆက်ဖြန့်ချီခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးဒေါ်မြင့်မြင့်ကြည်မှအဖွင့်အမှာစကားပြောကြားခဲ့ပြီးဒုတိယညွှန်ကြားရေး မှူးဒါ်နွယ်နွယ်ဦးမှစေတနာ့ဝန်ထမ်းအဖွဲ့အစည်းတည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ခြင်းနှင့်ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်၊ဂေဟာ/သင်တန်းများ တွင်အနိမ့်ဆုံးရှိရမည့်ပြုစုစောင့်ရှောက်ခြင်းနှင့်အကာအကွယ်ပေးခြင်းဆိုင်ရာစံချိန်စံညွှန်းစာအုပ်များမိတ်ဆက်ဖြန့်ချီခြင်းနှင့်ပတ်သက်၍ရှင်း လင်းပြောကြားခဲ့ပါသည်။ထို့နောက်ပဲခူးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များအတွက်စံချိန်စံညွှန်းစာအုပ်များပေးအပ်ခဲ့ပါသည်။

 

FacebookTwitter