မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈)ကျင်းပ

နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၈         လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအစည်းအဝေး (၁/၂၀၁၈)ကို (၇.၂.၂၀၁၈) ရက်နေ့၊ မွန်းလွဲ(၁)နာရီ၌ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေး ရာကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကား‌ပြောကြားခဲ့ပါသည်။

          ယင်းအစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုုးသမီးရေးရာကော်မတီကချမှတ်ထားသည့်မူဝါဒ(၄)ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ထားမှုများ၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျုဟာ စီမံကိန်း(၂၀၁၃-၂၀၂၂) (NSPAW) ကို တိုင်းဒေသကြီးပြည်နယ်အသီးသီးတွင် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် နိုင်ငံတော်၏ဦးစားပေးကဏ္ဍများ ဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေး၊ အမျိုသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ်အကြမ်းဖက်မှုအဆုံးသတ်ရေးနှင့်သဘာဝဘေးအန္တရာယ်ကိုခံနိုင်ရည်စွမ်းအားမြင့်မားစေရေးတို့တွင်ကော်မတီ ၏ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးကမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ၏ အမည်ပြောင်းလဲခြင်း၊ ကော်မတီ၏ Logo ပြောင်းလဲခြင်း၊ အဖွဲ့ဝင်တိုးမြှင့်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရမည့်လုပ်ငန်းစဉ်များနှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရေးတို့နှင့်ပတ်သက်၍  ဆွေးနွေးညှိနှိုင်းခဲ့ကြ ပါသည်။

ထို့နောက်အစည်းအဝေးတက်ရောက်လာသူများကရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးကြပြီးမြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအမည်နှင့်Logoကိုအတည်ပြုခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ဒုတိယဝန်ကြီးဦးစိုးအောင်၊အမျိုးသားလွှတ်တော် မှတာဝန်ရှိသူများနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။ယင်းအစည်းအဝေးတွင်မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ၏အမည်ကိုမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဟုပြောင်းလဲသတ်မှတ်ရန်သဘောတူခဲ့ကြ ပါကြောင်းသတင်းရရှိပါသည်။

FacebookTwitter