မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၄

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ဗန်မော်ခရိုင် အား /ကာ ဘောလုံးကွင်း၌(၁၃ .၂ . ၂၀၁၈) ရက်နေ့၊ နံနက်  ( ဝ၈ း ၀၀ )နာရီတွင် စတင်ကျင်းပ ရာ ဗန်မော်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လှိုင်မှ ဖဲကြိုးဖြတ်ဖွင်လှစ်ပြီး အဖွင်အမှာစကား ပြောကြား ခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ဗန်မော်မြို့နယ်ရေရှင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၊ ညောင်ပင်သာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ဗန်မော်မြို့နယ်မူလတန်းကြိုကျောင်း၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊မိုးမောက်မြို့နယ်ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ သားငယ် ၊ သမီးငယ်ပေါင်း ( ၂၂၅ ) ဦးမှတက်ရောက်ပါဝင်ခဲ့ပြီ်း တေးသီချင်းများ သီဆိုခြင်း ၊ ကဗျာရွတ်ဆိုခြင်း၊တေးသရုပ်ဖော်များကပြခြင်း၊အကပဒေသာများကပြခြင်၊စုပေါင်းကစားခြင်း ၊ အပြေးပြိုင်ခြင်း ၊ အိတ်စွတ်ပြေးပွဲ၊အာလူးကောက်ပြိုင်ပွဲ၊ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ၊မီးရထားကြီးစသည်ဖြင့် ပျော်ရွှင်လွတ်လပ်စွာကစားပြီး နံနက်(၁၀း၀၀)နာရီတွင်အောင်မြင်စွာရပ်နားခဲ့ပါသည်

ယင်းအခမ်းအနားသို့တက်ရောက်ပါဝင်ခဲ့သောသားငယ်၊သမီးငယ်များကိုမြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အင်္ကျီများကို ဗန်မော်ခရိုင်လူမှုဝန်ထမ်းရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းထွန်အောင်၊ ဦးစီးမှူး ဒေါ်ယဉ်မြတ်သီတို့မှပေးအပ်ချီးမြှင့်ခဲ့ပြီးကစားစရာအရုပ်များကိုဗန်မော်ခရိုင်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိဝန်ထမ်းများနှင့်
ဗန်းမော်မူလတန်းကြိုကျောင်း ၊ကျောင်းအုပ် ဒေါ်မြင့်မြင်သီနှင့် ဆရာမများ ၊ အလှူရှင်များက ပေးအပ်ချီးမြှင့်ခဲ့ပါသည်နေ့လည်စာအဖြစ်ကြာဆံချက်ဖြင်ကျွေးမွေးခဲ့ပါသည်

FacebookTwitter