ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း ဖွင့်လှစ်ခြင်း

ရှမ်းပြည်နယ်၊၂၀၁၈၊ဖေဖော်ဝါရီ ၁၆

လူမှုဝန်ထမ်းဦးစီးဌာန၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ ၊ဟိုပုံးမြို့နယ်၊ ဖာလွိုင်ဗွေလွန်း ဘုန်းတော်ကြီးကျောင်း၊ စာသင်ဆောင်၌ မြို့နယ် အုပ်ချုပ်ရေးမှူး မှ အနီးကပ်စီစဉ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသပေးသည့်ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေး သင်တန်း(၁ /၂၀၁၈)အား (၁၄.၂.၂၀၁၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ မူးယစ်ဆေးဖြတ်သူများကို ပထမဦးစွာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆေးကုသမှုကို (၂)ပတ်ကြာ ကုသပေးမည်ဖြစ်ပြီး၊ ကျန်ရှိသည့် (၃)ပတ်တာ ကာလကို အသက်မွေးဝမ်းကြောင်းပိုင်း ဆိုင်ရာ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပါသည်။ယင်းသင်တန်းအား(၁၄.၂.၂၀၁၈)ရက်နေ့မှစ၍(၅)ပတ်ကြာဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

FacebookTwitter