ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ

၂၀-၂-၂၀၁၈၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး H.E Ms. Vanessa Chan က  ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရသစ်အနေဖြင့် ပြည်သူများအခြေခံလူ့အခွင့် အရေး ပြည့်ဝစွာရရှိခံစားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးစနစ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုးတက်ရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ တည်ထောင်ထားပြီး လုပ်ငန်းကော်မတီ များ ဖွဲ့စည်း၍ ၂၀၁၆ခုနှစ်၊ မေလမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်များကို ဥပဒေနှင့်အညီခံစားရရှိစေရန် အကောင်အထည်ဖေါ်နေမှု များ၊ ၂၀၁၂ ခုနှစ်ကတည်းကရှိခဲ့သော IDP စခန်းများ ပိတ်သိမ်းရေးကြိုးပမ်းနေမှုများ၊ UEHRD၏ ရည်ရွယ်ချက်များဖြစ်သည့် လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် လုပ်ငန်းအဖွဲ့(၉)ဖွဲ့ ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်ဖန်တီးပေးရေး ကြိုးပမ်းနေမှုများ၊ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုသူများအတွက် နှစ်နိုင်ငံသဘောတူညီချက်အရ စီစဉ် ဆောင်ရွက်ထားရှိမှုများ၊ စင်္ကာပူနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter