ထိုင်းနိုင်ငံသို့ လူကုန်ကူခြင်းခံရသူ မြန်မာနိုင်ငံသား အမျိုးသား (၈)ဦးအား ပြန်လည်လွှဲပြောင်း လက်ခံခြင်း

ကရင်ပြည်နယ်၊ မြဝတီ၊ ၂၀၁၈ခုနှစ်၊ မေလ ၉ရက်          ထိုင်းနိုင်ငံသို့လူကုန်ကူးခြင်းခံရသူမြန်မာနိုင်ငံသားအမျိုးသား(၈)ဦးတို့အားမြန်မာနိုင်ငံလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူထုလုံခြုံရေးဝန်ကြီးဌာနတို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၈ခုနှစ်၊မေလ(၉)ရက်နေ့တွင်မြဝတီမြို့၊ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းလက်ခံခဲ့ သည်။          ပြန်လည်ထူထောင်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါက်တာထွန်းဇော်မှလူကုန်ကူးခံရသာအမျိုးသား(၈)ဦးအားပြန်လည်လွှဲပြောင်းလက်ခံခဲ့ပြီး ၎င်းတို့အားယာယီလက်ခံစောင့်ရှောက်နိုင်ရန်လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိလူငယ်သင်တန်းကျောင်း၊မော်လမြိုင်မြို့သို့ခေါ်ဆောင်ခဲ့ သည်။ယာယီလက်ခံစောင့်ရှောက်စဉ်အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးခြင်း၊ခရီးသွားထောက်ခံစာများပြုလုပ်ပေးခြင်းနှင့်လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ လိုအပ်သည့်စုံစမ်းမေးမြန်းမှုများ ဆောင်ရွက်ခြင်း တို့အား ပြုလုပ်ပြီးစီးပါက မိဘနေရပ်သို့ IOM (Myanmar) ၏ ပံ့ပိုးကူညီမှုဖြင့် ပြန်လည်ပို့ဆောင်မည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူ အမျိုးသား (၈)ဦးအား ပြန်လည်လက်ခံခြင်း၊ မိဘရပ်ထံပြန်လည် ပို့ဆောင်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် IOM (Myanmar) တို့ပူးပေါင်းမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းပြန်လည်ခေါ်ယူပြီးသည့် လူကုန်ကူးခံရသူ အမျိုးသား (၈)ဦးအား ပြန်လည်ထူထောင်ရေး အထောက်အပံ့များ ဆောင်ရွက်ပေးနိုင်ရန် နောက်ဆက်တွဲ စောင့်ရှောက်ခြင်း၊ ၎င်းတို့၏လိုအပ်ချက်များနှင့်အညီ  နေ့စဉ်ပုံမှန်ဝင်ငွေရရှိနိုင်ရန် ပြန်လည်ထူထောင်ရေး ထောက်ပံ့မှုများ ပံ့ပိုးကူညီပေးခြင်းတို့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့်  IOM (Myanmar) တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

အဆိုပါ ပြန်လည်လက်ခံခြင်းအစီအစဉ်သို့ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊မြို့နယ်အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊မြို့နယ်အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနနှင့် IOM (Myanmar) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

FacebookTwitter