ကျား/မရေးရာအေ‌ခြပြုအကြမ်းဖက်မှုကိုတွေ့ကြုံခံစားခဲ့ရသူများအတွက်ဝန်ဆောင်မှုများဖိုရမ်ကျင်းပပြု လုပ်ခြင်း

နေပြည်တော်၊၂၀၁၈ခုနှစ်၊ မေလ ၉ရက်

၂၀၁၈ခုနှစ်၊မေလ(၉)ရက်နေ့၊နံနက်ပိုင်းတွင်နေပြည်တော်၊သင်္ဂဟဟိုတယ်၌”ကျား/မရေးရာအေ‌ခြပြုအကြမ်းဖက်မှုကိုတွေ့ကြုံခံစားခဲ့ရသူများအ တွက် ဝန်ဆောင်မှုများဖိုရမ်ကိုလူမှုဝန်ထမ်းဦးစီးဌာနနှင့် ကျား/မတန်းတူညီမျှရေးကွန်ယက်တို့ ပူးပေါင်း၍ ကျင်းပခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးကအဖွင့်အမှာစကားပြောကြားခဲ့ပြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်တိုင်းဒေသကြီးမှ လူမှုဝန်ထမ်းဦးစီးမှူးများ CSOs, NGOs အဖွဲ့အစည်းများမှ (၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများက ကျား/ မရေးရာ အခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်၍ ဝန်ဆောင်မှုများ၊ လိုအပ်ချက်များနှင့် အတွေ့အကြုံအသိပညာများဖလှယ်ကာ ဆွေးနွေးပွဲကို နေ့လည် (၂း၀၀) နာရီထိ ကျင်းပခဲ့ပါသည်။

 

FacebookTwitter