ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာသြစတြေးလျသံအမတ်ကြီး၊Centre for Humanitarian Dialogueနှင့်ကချင်ပြည်နယ်မှအမျိုးသမီးခေါင်းဆောင်များ ၊အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များနှင့် ကျား၊တန်းတူရေးမဟာမိတ်မှကိုယ်စားလှယ်များသီခြားစီတွေ့ဆုံ

နေပြည်တော် ၊၂၀၁၈ခုနှစ်၊ မေလ၁၀ ရက်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံအမတ်ကြီး H.E . Mr. Nicholas Coppel၊ Centre for Humanitarian Dialogue မှ Myanmar Country Representative ဖြစ်သူMr.AdamCooperနှင့်ကချင်ပြည်နယ်မှအမျိုးသမီးခေါင်းဆောင်များ၊ကချင်ပြည်နယ်အခြေစိုက်အရပ်ဘက်အဖွဲ့အစည်း မှခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးအတွက်ကျား၊မတန်းတူရေးမဟာမိတ်မှကိုယ်စားလှယ်များပါဝင်သောအဖွဲ့များက(၉.၅.၂၀၁၈)ရက်နေ့ ၊နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံပါသည်။

          မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E. Mr. NicholasCoppelနှင့်တွေ့ဆုံရာတွင်သြစတြေးလျနိုင်ငံအနေဖြင့်ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင်မြန်မာနိုင်ငံအတွင်းရှိလူသားချင်းစာနာမှုအကူအညီလိုအပ်နေသောသူများအားကူညီထောက်ပံ့နိုင်ရန် အမေရိကန်ဒေါ်လာ(၁၃)သန်းအား လူသားချင်းစာနာကူညီမှုများ ဆောင်ရွက် နေသော အဖွဲ့အစည်းမှ တဆင့်ထောက်ပံ့ပေးသွားမည့်ကိစ္စများ၊ အကောင်အထည် ဖေါ်မည့် အဖွဲ့အစည်းများ၏ ၄၀ ရာခိုင်နှုန်းမှာ အစိုးရမဟုတ်သော မြန်မာအဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ မန်မာထိုင်းနယ်စပ်ရှိ မြန်မာနိုင်ငံအတွင်း ဒုက္ခသည်စခန်းများတွင် နေထိုင် နေသည့် ပြန်လည်ဝင်ရောက်လိုသူများအား ထပ်မံခေါ်ဆောင်နိုင်ခြင်းအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားပြီး၎င်းတို့အတွက် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင် ရေးနှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးနိုင်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အစီအစဉ်တွင် UNHCRနှင့်UNDP တို့ ပူးပေါင်း ပါဝင်နိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည့်ကိစ္စများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်(၂) နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့တွင် မေလ(၁၇)ရက်နေ့တွင် ကျင်းပမည့်ကိစ္စများ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များထဲမှ တစ်ခုဖြစ်သည့် (၂၀၁၂) ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ကယ်ဆယ်ရေး စခန်းများပိတ်သိမ်းရေးအား အကောင်အထည်ဖေါ် ဆောင်ရွက်နေပြီး ပြန်လည်နေရာချထားရေးအားစနစ်တကျဆောင်ရွက်နေမှုများ၊ယခုနှစ်အတွင်းစခန်း(၄)ခုအားထပ်မံပိတ်သိမ်းမည့်လုပ်ငန်းများ၊ ၎င်းတို့အတွက်ကျန်းမာရေးစောင့်ရှောက်မှု၊ပညာသင်ကြားခွင့်နှင့်သက်မွေးဝမ်းကျောင်းလုပ်ငန်းများဖန်တီးရေးဆောင်ရွက်နေမှုများ၊ဒေသဆိုင်ရာ အာဏာပိုင်များ၏ ထောက်ခံမှုဖြင့် လွတ်လပ်စွာလှုပ်ရှား သွားလာခွင့်ရရှိရေး ဆောင်ရွက်နေမှုများ၊ UEHRD၏ လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့မှတဆင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍Centre or Humanitarian Dialogueနှင့်တွေ့ဆုံရာတွင်Centre o rHumanitarian Dialogue အနေဖြင့်ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက် မည့် စီမံကိန်း(၃)ခုနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များ အား ကနဦးအကောင်အထည်ဖေါ်မည့် စံပြမြို့နယ်တစ်ခုရွေးချယ်သတ်မှတ်ရေး၊စီမံကိန်းအကောင်အထည်ဖေါ်ရေးအတွက်လုပ်ငန်းအဖွဲ့နှင့်အကောင်အထည်ဖေါ်ဆောင်ရေးအဖွဲ့အား သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်ဖွဲ့စည်းသွားမည့်ကိစ္စများ၊ လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်ရေး ချဉ်းကပ်နည်းများစွာဖြင့် ကြိုးပမ်းနေမှုများနှင့် ဒေသတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရပ်ရွာခေါင်းဆောင်များအား စွမ်းပကားမြှင့်တင် ရေးအစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ကချင်ပြည်နယ်မှ အမျိုးသမီးခေါင်းဆောင်များ၊ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူရေး မဟာမိတ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာကူညီမှုများထောက်ပံ့နိုင် ရေး၊ အခြားသောနေရာများတွင် ခိုလှုံနေသော နေရပ်စွန့်ခွာပြည်သူများအား လုံခြုံစိတ်ချ၍ အထောက်အပံ့များရရှိမည့် ယာယီခိုလှုံရေးစခန်းများထားရှိနိုင်ရေး၊ အင်ဂျန်းယန်ရှိ နေရပ်စွန့်ခွာ ပြည်သူများထံသို့ လိုအပ်သောအကူအညီများပေးနိုင်ရေး၊ ယာယီခိုလှုံရေးစခန်းများတွင် လူကုန်ကူးမှုများနှင့် ကျား၊မအခြေပြု အကြမ်းဖက်မှုများအားဟန့်တားကာကွယ်နိုင်ရေး၊ရာသီဥတုဒဏ်မှကာကွယ်ပေးနိုင်မည့်ယာယီအဆောက်အဦးများ တွင်နေထိုင်နိုင်ရေး၊ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး၊နေရပ်စွန့်ခွာကလေးများအတွက် ပညာဆက်လက် သင်ကြားခွင့်ရရှိရေးကိစ္စများ၊ တနိုင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခွင့်မရ၍ နေရပ်စွန့်ခွာသူ များထံ လူသားချင်းစာနာမှု အကူအညီပေးရေး အခက်အခဲကြုံတွေ့နေသည့် အခြေအနေ များနှင့် လူမှုအဖွဲ့အစည်းများမှ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းချိတ်ဆက်၍ ကြိုးပမ်း ဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter