ရပ်ရွာအခြေပြုစမော့ကင်းထိုးနည်းနှင့်ချည်ပန်းထိုးသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၈ခုနှစ်၊မေလ၁၀ရက်       

     ၂၀၁၈ခုနှစ်မေလ(၉)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင်ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် Welt-hunger half (ဘိုကလေးမြို့)တို့ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် ရပ်ရွာ အခြေပြု(၄/၂၀၁၈) စမော့ကင်း ထိုးနည်း နှင့်ချည်ပန်းထိုး သင်တန်းသို့ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးဦးအေးကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါသင်တန်းကိုရပ်ရွာအတွင်းလက်မှုပညာရပ်များဖြင့်အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်ကြရန်ရည် ရွယ်၍(၈.၅.၂၀၁၈)ရက်နေ့မှ(၁၈.၅.၂၀၁၈)ရက်နေ့အထိဘိုကလေးမြို့နယ်အတွင်းရှိကျေးရွာအသီးသီးမှသင်တန်းသူ(၂၀)ဦးဖြင့်ဖွင့်လှစ်ပို့ချပေး သွားမည် ဖြစ်ပါ သည်။

FacebookTwitter