ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပခြင်း

မကွေးတိုင်းဒေသကြီး၊၂၀၁၈ခုနှစ် ၊မေလ ၁၁ရက်        လူမှုဝန်ထမ်းဦးစီးဌာန၊မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူးဖွင့်လှစ်သောရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး  ဆိုင် ရာသင်တန်းဆင်းပွဲအခမ်းအနားအား(၁၀.၅.၂၀၁၈)ရက်နေ့တွင်မကွေးမူလတန်းကြိုကျောင်း၌ကျင်းပပြုလုပ်ခဲ့ရာမကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီးဦးစီးမှူး၊ညွှန်ကြားရေးမှူးဒေါ်နန္ဒာနွယ်ဟန်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးသင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေး ခဲ့ပါ သည်။အဆိုပါ သင်တန်းအား(၂၀.၄.၂၀၁၈)ရက်နေ့မှ (၁၀.၅.၂၀၁၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပါသည်။

 

 

FacebookTwitter