ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အလှူငွေလက်ခံခြင်းနှုင့် မြန်မာလက်သင်္ကေတပြဘာသာစကား စံသတ်မှတ်ခြင်း ကိစ္စရပ်များဆွေးနွေး

နေပြည်တော် ၊၂၀၁၈ခုနှစ်၊ မေလ ၁၄ရက်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့နှင့်အတူ (၁၃.၅.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆၄) ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူး ရုံးတွင် ကျင်းပသည့် ကချင်ပြည်နယ်၊ တိုက်ပွဲရှောင်စခန်းများရှိ မိခင်နှင့်ကလေးများအတွက် မောင်ဘုန်းမြတ်သားထူး၏ တစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်မိဘ၊ဆွေမျိုးမိတ်ဆွေများစုပေါင်း၍အလှူငွေကျပ်(၂၅)သိန်းတိတိအားလာရောက်လှူဒါန်းရာပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          ထို့နောက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာနည်းပညာဆိုင်ရာကျွမ်းကျင်သူ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံကာ နားမကြားသောကလေးများအတွက် မြန်မာ လက် သင်္ကေတပြဘာသာစကား စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး ပြန့်ပွားအောင် အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများ လွယ်လင့်တကူ လေ့လာနိုင်သော  Website နှင့် Mobile Application များ ဖန်တီး ထားခြင်း၊ Facebook Page မှတဆင့်ပြည်သူလူထုဝင်ရောက်လေ့လာနိုင်ရန်စီစဉ်ထားရှိခြင်း၊မြန်မာလက်သင်္ကေတပြစံဘာသာစကားအားနားမကြားကျောင်းများအားလုံး တစ်ပြေးညီ အသုံးပြုနိုင်ရေးနှင့် အဆိုပါ ဘာသာစကားလေ့လာမှုအား ပိုမိုအသုံးပြုလာနိုင်စေရန် ရှင်းလင်းတင်ပြ ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အောင်မြင်အောင် ဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ် များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

         

 

 

 

FacebookTwitter