ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးစစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ရေးကိစ္စများဆွေးနွေးညှိနှိုင်းခြင်ထောက်ပံ့းနှင့်မှုများဆောင်ရွက်

 စစ်ကိုင်းတိုင်းဒေသကြီး ၊၂၀၁၈ခုနှစ်၊ မေလ ၂၁ရက်   လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်တာဝန်ရှိသူများနှင့်အ တူ (၂၀.၅.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ရွှေစည်းခုံ စေတီတော်နှင့် ဆုတောင်းပြည့်စေတီတို့အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး အလှူငွေများအသီးသီးပေးအပ်လှူဒါန်းခဲ့ပါသည်။ဆက်လက်၍မုံရွာမြို့၊ရန်ကင်းကျောင်းတိုက်၊ရန်ကင်းကျောင်းဆရာတော်အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တပညာံသအား သွားရောက် ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် သုံးမွှာပူးမွေးမိခင်များအား ထောက်ပံ့ကြေးငွေများပေးအပ်ပွဲ အခမ်းအနားသို့ တက် ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် မူဝါဒအသစ်များ ချမှတ် ဆောင်ရွက်လျက်ရှိရာတွင် လူတိုင်း ဒီမိုကရေစီစံနှုန်းနှင့်အညီ လူ့အခွင့်အရေးအပြည့်အဝရရှိပြီး လူ့ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် အခမ်းအနားတွင် လူမှုကာကွယ်စောင့်ရှောက်ရေး တစ်ခုဖြစ်သည့် လူမှုရေးရာငွေကြေး ထောက်ပံ့မှုအဖြစ် မသန်စွမ်းသူများကို ထောက်ပံ့ကြေးငွေ ပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မသန်စွမ်းသူများကို စနစ်တကျ စာရင်း ကောက်ယူပြီး ငွေကြေးထောက်ပံ့သော အစီအစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများသည် အနာဂတ်နိုင်ငံ တော်၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်တွင် မူလတန်းကြိုကျောင်း (၁၀၀) ကျော်သာရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း (၁၀၀၀) ခန့်ရှိပါကြောင်း၊ ကျေးလက်တောရွာနေ မူလတန်းကြိုကျောင်းတက်ရောက်နိုင်ရန် ခက်ခဲ နေသော ကလေးသူငယ်များအတွက် ရည်ရွယ်၍ မိခင်ဝိုင်းများဖွင့်လှစ်ပြီး မူကြိုပညာရေးရရှိအောင် ဆောင်ရွက်ပေးနေပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည် သုံးမွာပူးနှင့်အထက် မွေးဖွားသော မိခင်များအား ထောက်ပံ့မှုကို ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ကျေးဇူးတင်နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပါသည်။ ထို့နောက် မုံရွာခရိုင်အတွင်းရှိ  မသန်စွမ်းသူများအတွက် ထောက်ပံ့ကြေးငွေ (၂၉၄) သိန်း၊ ရောင်ခြည်သစ်မျက်မမြင် ပရဟိတဂေဟာအတွက် (၉.၉) သိန်း၊ မိခင်ဝိုင်းများ တည်ထောင်နိုင်ရန် အတွက် ထောက်ပံ့ကြေးငွေ (၃၀၆) သိန်း၊ သုံးမွှာပူး မွေးဖွားမိခင်များအတွက် ထောက်ပံ့ကြေးငွေ (၁၅) သိန်းအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထိုနောက် မုံရွာခရိုင်အတွင်းရှိ မသန်စွမ်း သူများကိုယ်စား မသန်စွမ်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သလ္လာပရဟိတဂေဟာသို့ ရောက်ရှိပြီး ကြီးကြပ်မှုကော်မတီနှင့် တွေ့ဆုံကာ ဂေဟာအတွက် ထောက်ပံ့ကြေးငွေ(၆၁)သိန်းအားထောက်ပံ့ပေးအပ်ခဲ့ပါသည်။ဆက်လက်၍စစ်ကိုင်းတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး သို့ ရောက်ရှိပြီး သိုလှောင်ရုံအား ကြည့်ရှု့စစ်ဆေးခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံကာ တိုင်းဒေသကြီး အတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ ပါသည်။

          နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မုံရွာ ဘိုးဘွားရပ်သာ သို့သွားရောက်ပြီး ကြီးကြပ်မှုကော်မတီနှင့် တွေဆုံကာ ထောက်ပံ့ကြေးငွေ (၇၇) သိန်းအား ပေးအပ်ခဲ့ပြီး ရိပ်သာ အတွင်းရှိ ဘိုးဘွားများအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။ ဆက်လက်၍ ချောင်းဦးမြို့ အမျိုးသမီး စောင့်ရှောက်ရေး ပရဟိတဂေဟာသို့ရောက်ရှိပြီး ဂေဟာတွင် စောင့်ရှောက်ထားရှိသည့် အမျိုးသမီးငယ်များအား အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ကြေးငွေ (၇၀)သိန်းအား ပေးအပ်ခဲ့ ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယနေ့ထောက်ပံ့ပေးအပ်ငွေမှာ စုစုပေါင်း (၇၇၁၉၉၁၀၀) သိန်းရှိပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြင်းမူမြို့နယ် လူမှုဝန်ထမ်းရုံး တည်ဆောက်မည့် မြေနေရာသို့ ဝင်ရောက်ကြည့်ရှု့ခဲ့ပြီး ထိုမှတစ်ဆင့် ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံ တော်ကြီးသို့ ဝင်ရောက်ကာ မျက်စိဝေဒနာရှင်များအား ဆေးကုသပေးနေမှုကို လှည့်လည်ကြည့်ရှုပြီး ရွှေရတုတိပိဋက ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းမျက်မမြင်ကျောင်းသို့ရောက်ရှိပြီး လှည့်လည်ကြည့်ရှုကာ တာဝန်ရှိဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter