လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဖွဲ့စည်းထားသည့်M&Eအဖွဲ့ကွင်းဆင်း လုပ်ငန်းဆောင်ရွက်

ညောင်ဦးခရိုင်၊ ၂၀၁၈ခုနှစ်၊ မေလ ၂၄ရက်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဖွဲ့စည်းထားသည့်M&Eအဖွဲ့သည်ဝန်ကြီးဌာနနှင့်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍မြေပြင်တွင်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် PACT Myanmar နှင့် ADRA  Myanmar အဖွဲ့အစည်းတို့၏ လုပ်ငန်းများဆောင်ရွက်မှုအခြေအနေကို (၂၃-၅-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပါသည်။

အဆိုပါနေ့နံနက်ပိုင်းတွင်PACTMyanmarမှမြန်မာနိုင်ငံတိုင်းဒေသကြီးနှင့်ပြည်နယ်(၈)ခုအတွက်လက်ရှိဆောင်ရွက်ပေးလျက်ရှိသည့်အသက်မွေး ဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်ငွေစုလုပ်ငန်း၊ငါးမွေးမြူရေးလုပ်ငန်း၊လျှပ်စစ်မီးလင်းရေး ၊ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အသေးစားချေးငွေထုတ်ချေးခြင်းလုပ်ငန်းများအားရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍M&Eအဖွဲ့ခေါင်းဆောင်၊လူမှုကယ်ဆယ်ဝန်ကြီးဌာန၊လက်ထောက်အတွင်းဝန်၊ဒေါ်ခင်မေနုမှဝန်ကြီးဌာန၏ မူဝါဒများကိုရှင်းလင်းဆွေးနွေးခြင်း၊ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့်အစိုးရ၊မိတ် ဖက်အဖွဲ့အစည်းများနှင့်ပြည်သူလူထုပူးပေါင်း၍ သုံးဦးသုံးဖလှယ် လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေးခဲ့ပါသည်။ ထို့အပြင်ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်နှင့်အညီရပ်ရွာအခြေပြုလူမှုရေးအသင်းအဖွဲ့များအားဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ ပံ့ပိုးပေးနိုင်ရန် PACT Myanmar မှတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ထို့အပြင်M&Eအဖွဲ့သည်နေ့လည်ပိုင်းတွင်PACTMyanmarမှရှေ့သို့စီမံကိန်းဖြင့်အကောင်အထည်ဖော်ခဲ့သည့်ညောင်ဦးမြို့နယ်၊ကန်တောကျေး ရွာမှပြည်သူများနှင့်တွေ့ဆုံ၍စီမံကိန်းမှကျေးရွာအတွက်ဆောင်ရွက်ပေးခဲ့သည့်စက်ရေတွင်း၊ကျောက်ရေစစ်အိုးများ၊ငွေစုဆောင်းခြင်းလုပ်ငန်းများ၊ ယင်လုံအိမ်သာဆောက်လုပ်ပေးခြင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအသိပညာပေးအစီအစဉ်များ၏ကျေးရွာဖွံဖြိုးတိုးတက်ရေးအတွက်အကျိုးပြုမှု အနေအထားကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဆက်လက်၍M&Eအဖွဲ့သည်ဝန်ကြီးဌာန၏လှူဒါန်းမှုဖြင့်ရေသန့်စင်စက်များတပ်ဆင်ပေးထားသည့်ငလင်းပုတ်ကျေးရွာနှင့်ဆင်သားမွေးကျေးရွာ တို့ ရှိဒေသခံပြည်သူများမှအဆိုပါရေသန့်စက်များကိုအကျိုးရှိရှိအသုံးပြု နေသည်များကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

FacebookTwitter