မြန်မာနိုင်ငံတွင်ကျား၊ မ ရေးရာတန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဒေသ အုပ်ချုပ်ရေးများ ပူးပေါင်းဆောင်ရွက်နိုင်ရေးမိတ်ဆက်

ကရင်ပြည်နယ် ၂၀၁၈ခုနှစ်၊ မေလ ၂၅ရက်

မြန်မာနိုင်ငံတွင်ကျား၊မရေးရာတန်းတူညီမျှမှုရှိရန်အတွက်အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ဒေသအုပ်ချုပ်ရေးတွင်ပါဝင်သူများပူးပေါင်းဆောင် ရွက်နိုင်ရေး စီမံကိန်း မိတ်ဆက်ခြင်းကို ဥရောပသမဂ္ဂ၏ ကူညီ ပံ့ပိုးမှုဖြင့် ကျားမရေးရာ တန်းတူညီမျှမှု ကွန်ရက်၊ ဒီစီအေ-အန်စီအေမြန်မာ၊ ပျိုးပင်အင်စတီကျူ့နှင့် လူမှုဝန်ထမ်း ဦစီးဌာနတို့မှ ကရင်ပြည်နယ်၊ ဘားအံမြို့တွင်၊ တော်ဝင်ရတနာဟိုတယ်တွင် (၂၅.၅.၂၀၁၈)ရက်နေ့၊ နံနက်(၉း၀၀) နာရီ အချိန်က ပြုလုပ်ခဲ့ပါသည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ကရင် ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်းတို့က အမှာစကားပြောကြားပြီး ဥရောပသမဂ္ဂ၊ ကျား၊ မရေးရာ တန်းတူညီမျှမှုကွန်ရက်၊ ဒီစီအေ-အန်စီအေမြန်မာနှင့် ပျိုးပင်အင်စတီကျူ့တို့မှ မြန်မာနိုင်ငံတွင်ကျား၊ မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသ အုပ်ချုပ်ရေးတွင် ပါဝင်သူများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး မိတ်ဆက်ဆွေနွေးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား ကြသည်။

ဆက်လက်၍ တက်ရောက် လာကြသော အရပ်အဖက်လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများက မည်သို့ပါဝင် နိုင်မည့် အကြောင်းကို မေးခွန်းများ မေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများကို ဆောင်ရွက်ကြပါသည်။

အဆိုပါ စီမံကိန်းမိတ်ဆက်ပွဲတွင် နိုင်ငံတော်အဆင့် ကျား၊ မရေးရာ မူဝါဒနှင့် ဥပဒေများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌ အကောင်အထည်ဖော် ရာတွင် ပိုမိုအားကောင်းစေရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွင် ပါဝင်သူများက ပူးပေါင်းပြီး မည်ကဲ့သို့ဆောင်ရွက်နိုင်မည်ကို အဓိကဆွေးနွေးခဲ့ ကြပါသည်။

 

FacebookTwitter