ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးအားကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ တီမောလက်စ်တေနိုင်ငံမှ အမျိုးသားလုံခြုံရေးကောင်စီ၊ဝါရင့်ဝန်ကြီးနှင့်ရန်ကုန်မြို့ဂျပန်သံရုံးမှသံအမတ်ကြီးတို့သီးခြားစီ လာရောက်တွေ့ဆုံ

 နေပြည်တော် ၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၁၅ရက်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒေါက်တာဝင်းမြတ်အေးအားကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ်Ms.Christine Schraner Burgener ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့၊တီမောလက်စ်တေဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ဝါရင့်ဝန်ကြီး H.E. Mr. Jose Ramos Horta နှင့် ရန်ကုန်မြို့ ဂျပန်နိုင်ငံသံရုံးမှ သံမတ်ကြီး H.E. Mr. Ichio MARUYAMA တို့က (၁၄.၆.၂၀၁၈)ရက်နေ့၊မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ခဲ့ကြပါသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင်ဝန်ကြီးဌာနအနေဖြင့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အကြံပြုချက်များအားအကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကတာဝန်ယူထားပြီးအကြံပြုချက်(၈၈)ချက်အနက်အကြံပြုချက်(၈၀)အားသက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ အပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အစဉ်တစိုက် ကြိုးပမ်းမှုများ၊နိုင်ငံအတွင်းပြန်လည်ဝင်ရောက်လိုသူများအားစနစ်တကျလက်ခံရေးအတွက်နှစ်နိုင်ငံသဘောတူညီထားသည့်ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အတိုင်း မြန်မာနိုင်ငံမှဆောင်ရွက်နေမှုများ၊ မိမိသဘောဆန္ဒဖြင့် ဘေးကင်းလုံခြုံဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်နိုင်ရေး၊ လိုအပ်သောသတင်းအချက်အလက်များသိရှိနားလည်နိုင်ရေးကြိုးပမ်းဆောင်ရွက်နေပြီးကုလသမဂ္ဂအဖွဲ့အစည်းများနှင့်အခြားသောမိတ်ဖက် အဖွဲ့အစည်းများမှကူညီဆောင်ရွက်နိုင်ရေးကိစ္စများ၊ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအားဦးစားပေးအစီအစဉ်အလိုက်အကောင်အ ထည်ဖော် ဆောင်နေပြီး ယာယီခိုလှုံရေးစခန်းများပိတ်သိမ်းရေး စနစ်တကျဆောင်ရွက်နေမှုများ၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များ အရှိန်မြင့်တင်ရေးနှင့် ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခွင့်နှင့် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးဆောင်ရွက်နေမှုများ၊ ဒေသတွင်း လုံခြုံရေးအတွက် လူထုအခြေပြု ရဲလုပ်ငန်းစနစ်များ၊နှစ်နိုင်ငံပူးပေါင်းကင်းလှည့်ခြင်းအစီ အစဉ် ဆောင်ရွက်နေမှုများ၊ UEHRD  ပြည်ထောင်စုစီမံကိန်းဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် လုပ်ငန်းကော်မတီ (၁၁) ခုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်းအနေဖြင့်  မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်ရွက်နေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပြီး မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအပေါ် မျှတစွာ ရှုမြင်သုံးသပ် နိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ဝါရင့်ဝန်ကြီး H.E. Mr. Jose Ramos Horta နှင့် တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဌအဖြစ်ဦးဆောင်ပြီး UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် လူသားချင်းစာနာကူညီမှု ထောက်ပံ့ရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစသည့် ရည်မှန်းချက် များဖြင့် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်သို့ ချောမွေ့စွာ ရောက်ရှိ နိုင်ရေးအတွက် နိုင်ငံသားဖြစ်မှု စိစစ်ရေးကဒ် (NV Card) များ ကိုင်ဆောင်နိုင်ရေး၊ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လိုသူများအား လက်ခံရေး စခန်း  ( Reception Camps ) နှင့် ယာယီနေထိုင်ရေး ကြားစခန်း ( Transit Centre ) များတွင် စနစ်တကျလက်ခံထားရှိနိုင်ရေး ဆောင်ရွက်ထား   မှုများ၊ ၎င်းတို့၏ မူလနေရာ သို့မဟုတ် မူလနေရာနှင့်အနီးစပ်ဆုံးနေရာများတွင် စနစ်တကျပြန်လည်နေရာချထားပြီး ၎င်းတို့၏ နေအိမ်အဆောက်အဦးများ တည်ဆောက်ရာတွင် ကိုယ်တိုင်ပါဝင်နိုင်ပြီး ၎င်းတို့အတွက် လုပ်ခ အခကြေးငွေရရှိခံစားနိုင် မည့်                 (Cash for Work ) အစီအစဉ်အား အကောင်အထည်ဖော်ဆောင်မည့် ကိစ္စရပ်များ၊ အခြေခံအဆောက်အအုံများ တည်ဆောက်နေပြီး  တစ်ကိုယ် ရေသန့်ရှင်းရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရေး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးဆောင်ရွက်နေမှုများ၊UNDP.UNHCRတို့နှင့်အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့နားလည်မှှု စာချွန်လွာလက်မှတ်ရေးထိုးပြီးပူးပေါင်းဆောင်ရွက် မည့်ကိစ္စများ၊ သတင်းအချက်အလက်များ လျင်မြန်စွာ ဖြန့်ဖြူး ရောက်ရှိနိုင်ရေး အစီအစဉ်ဖြင့် ဆောင်ရွက်မည့်ကိစ္စများ၊ H.E. Mr. Jose Ramos Horta အနေဖြင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် ၎င်း၏အတွေ့အကြုံများအား မျှဝေပြီး မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှု များနှင့် စိန်ခေါ်မှုများအား ပိုမိုသိရှိနားလည်ကာ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆောင်ရွက်နေသည့် အခြေအနေအစစ်အမှန်အား နိုင်ငံတကာမှ သိမြင်စေရန် ဆောင်ရွက်မည့်ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ပြီး ဂျပန်နိုင်ငံသံရုံးမှ သံမတ်ကြီး H.E. Mr. Ichio MARUYAMA နှင့်တွေ့ဆုံရာတွင် ၎င်းတို့ကိုယ်တိုင် ရခိုင် ပြည်နယ် မြေပြင်အခြေအနေအား လက်တွေ့ကွင်းဆင်းလေ့လာပြီး တွေ့ရှိချက်များအား ဆွေးနွေးကာ ခိုလှုံရေးစခန်းများရှိ လူငယ်များ တက္ကသိုလ်အဆင့်မြင့်ပညာဆက်လက်သင်ကြားခွင့်ရရှိရေး၊ နိုင်ငံသားကဒ် ကိုင်ဆောင်ထားသူများ၊ နိုင်ငံသားပြု ခွင့်ရသူများနှင့် နိုင်ငံသားဖြစ်မှု စိစစ်ရေးကတ် ကိုင်ဆောင်သူများသည် လျော်ညီသော အခွင့်အရေးများ ရရှိရေးကိစ္စများ၊ ဒေသတွင်း တရား ဥပဒေစိုးမိုးရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ခိုလှုံရေး စခန်းများ ပိတ်သိမ်းရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးများ ဆွေးနွေးခဲ့ပါသည်။

 

           

FacebookTwitter