မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအစည်းအဝေးကျင်းပခြင်း

မကွေးတိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၁၅ ရက်    မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအစည်းအဝေးကို(၁၄.၆.၂၀၁၈)ရက်နေ့၊မွန်းလွဲ(၁၄း၀၀)နာရီတွင်လူမှုဝန်ထမ်းဦးစီးဌာန၊မကွေးမူလ တန်းကြိုကျောင်းခန်းမ၌ကျင်းပရာမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးဝန်ကြီး၊လူငယ်ရေးရာကော်မတီဥက္ကဌ၊ဒေါက်တာခင်မောင်အေး ၊တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။တက်ရောက်လာသောလူငယ်ရေးရာကော်မတီဝင်များမှတိုင်းဒေသကြီးအတွင်းလူငယ်စင်တာ အတွက် မြေနေရာရရှိရေးနှင့် တိုင်းဒေသကြီးအဆင့် မဟာဗျူဟာရေးဆွဲနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

 

 

 

FacebookTwitter