အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) ရေးဆွဲရေးညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၁၅ ရက်

(၁၂.၆.၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးကို တက်ရောက်သူ (၂၀) ဦးဖြင့် လည်းကောင်း၊  ၁၃-၆-၂၀၁၈  ရက်နေ့တွင် နေပြည်တော်၊ Hotel Max ၌ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများ၊ UNFPA နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးဖြင့် လည်းကောင်း၊ ကျင်းပပြုလုပ်ခဲ့ပြီး ဥပဒေအမြန်ဆုံးအတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။

 

 

 

 

FacebookTwitter