မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ခြင်း၊ လူငယ်သင်တန်းကျောင်းရှိ သင်တန်းသားများအား အားပေးစကားပြောကြားခြင်း

မွန်ပြည်နယ်၊၊မော်လမြိုင် ၂၀၁၈ခုနှစ်၊မော်ဇွန် ၂၀     

မွန်ပြည်နယ်၊  မော်လမြိုင်မြို့တွင်  ရောက်ရှိနေသော  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး    ဦးစိုးအောင်နှင့် အဖွဲ့သည် (၂၀.၆.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းတွင်  မော်လမြိုင်မြို့၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊   လက်ထောက်ညွှန်ကြားရေးမှူး  (ဆည်မြောင်း) ဦးမြဝင်းနှင့်အတူမုဒုံမြို့နယ် ၊ ကမာဝက်ကျေးရွာ အနီးရှိ   ဝင်းဖနုံရေလှောင်တမံ သို့ရောက်ရှိပြီး ၊ တာဝန်ရှိပုဂ္ဂိုလ်များက    ရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေ၊ ရေဝင်ရောက်မှုအခြေအနေအား   ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ရေလှောင်တမံ  တစ်လျှောက်လှည့်လည် ကြည့်ရှု့ခြင်း ၊ ရေလှောင်ကန်အတွင်းရှိ ရေထိန်းမျှော်စင်  အလုပ်လုပ် နေမှုတို့အား   ကြည့်ရှု့ခဲ့ပါသည်။
          ထို့နောက်  ရေလှောင်တမံအောက်ပိုင်းရှိ   ကျေးရွာများမှ   ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်
တွေ့ဆုံ၍  ရေလှောင်တမံ၏  ကြံ့ခိုင်မှုကောင်းမွန်မှုအခြေအနေအား  ဆည်မြောင်းမှ တာဝန်ရှိသူများနှင့်အတူ  ရှင်းလင်းပြောကြားပြီး ၊ မကြာမှီရက်ပိုင်းက    မော်လမြိုင် ၊ မုဒုံ ၊ သံဖြူဇရပ်နှင့်  ရေးမြို့နယ်များတွင်  မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်   ရေလှောင်တမံကြံ့ခိုင်မှု နှင့်  ရေဝင် / ထွက်  အခြေအနေများကို  ဆည်မြောင်းတာဝန်ခံ မှ   ရှင်းလင်းတင်ပြခဲ့ပါသည်။
        အဆိုပါရေလှောင်တမံ အခြေအနေမှာ  ဇွန်လ ၁၈  ရက်နေ့  မိုးသည်းထန်စွာရွာသွန်းမှု ကြောင့်   ၎င်းနေ့ ညအချိန်ခန့်တွင် ဝင်းဖနုံရေလှောင်တမံ ကျိုးပေါက်သွားကြောင်း  လူမှုကွန်ယက်များမှ  သတင်းတက်လာသဖြင့်  ရေလှောင်တမံ အောက်ပိုင်းရှိ  ကျေးရွာများမှ    ပြည်သူများ အထိတ်တလန့် ဖြစ်လာ၍၊  ထိုနေ့ညတွင်းချင်းပင် ပြည်နယ်အစိုးရမှ တာဝန်ရှိသူများ၊ မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ   လက်ထောက်ညွှန်ကြားရေးမှူး တို့မှ  ကျေးရွာများသို့ သွားရောက်၍  ရပ်မိရပ်ဖတို့အား  ဖြစ်စဉ်အမှန်မဟုတ်ဘဲ ကောလဟလ သတင်းသာ ဖြစ်ကြောင်း ၊  ရေလှောင်တမံမှာ မည်သည့် ချို့ယွင်းမှုမျှ   မရှိကြောင်း  သွားရောက်ရှင်းလင်းပြောကြားခဲ့ရကြောင်း  သိရှိရပါသည်။ 

         ဒုတိယဝန်ကြီးကလည်း   ယနေ့နံနက်ပိုင်းတွင်   အဆိုပါ ရေလှောင်တမံသို့   ရောက်ရှိပြီး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ၊ ဆည်မြောင်း လက်ထောက်ညွှန်ကြားရေးမှူး ၊ ကျေးရွာ  ဥက္ကဌများ ၊ ရပ်မိရပ်ဖများနှင့်  ထပ်မံတွေ့ဆုံ၍   ဆည်နှင့်ပတ်သက်သော  သတင်းအချက်အလက်များ   မေးမြန်းစုံစမ်းနိုင်ရန် ဆက်သွယ်ရမည့်  တယ်လီဖုန်းအမှတ်များ ပေးထားခြင်း ၊ မိုးများဆက်တိုက် ရွာသွန်းမှု  ရှိလာသည့်အခါတိုင်းတွင်    ရေလှောင်တမံ နှင့် ပတ်သက်သော   သတင်းအချက်အလက်များကို      ဒေသခံ ပြည်သူများသို့ မျှဝေပေးနိုင်ရန် နှင့် ကောလဟလ သတင်းများကို   ယုံကြည်မှုမရှိဘဲ  တာဝန်ရှိသူများထံ စုံစမ်းမေးမြန်း နိုင်ပါကြောင်း   ရှင်းလင်းပြောကြားခဲ့ပါသည်။
        ဒုတိယဝန်ကြီးက  သဘာဝဘေးအန္တရာယ် နှင့် ပတ်သက်၍    သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက လည်း စနစ်တကျ     စီမံဆောင်ရွက် ပေးလျှက်ရှိပါကြောင်း    သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော  သတင်းအချက်အလက်များ စုံစမ်းလိုပါက    ဝန်ကြီးဌာန၏    Hot   Line    (၂၄) နာရီ ဖွင့်လှစ်ထားသော  ဖုန်းနံပါတ်  ၀၆၇ - ၄၀၄၆၆၆  နှင့်  ၀၆၇- ၄၀၄၇၇၇  ဖုန်းများသို့  ဆက်သွယ်နိုင်ကြောင်း   ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက်    ဝင်းဖနုံ ရေလွှဲဆည်၏    ရေစီးဆင်းမှု အခြေအနေတို့အား    ကြည့်ရှုခဲ့ပါ သည်။
        ဆက်လက်၍  မော်လမြိုင်မြို့၊လူမှုဝန်ထမ်းဦးစီးဌာန ၊ လူငယ်သင်တန်းကျောင်းဝင်း အတွင်းရှိ    အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးများ လေ့ကျင့်သင်ကြားရေး ကျောင်းသို့    ရောက်ရှိပြီး ၊  Future  Light   Foundation    မှ   ဆရာ / ဆရာမ (၁၃) ဦးတို့ဖြင့်    ကျောင်း၌  လေ့ကျင့်သင်ကြားလျှက်ရှိသော   မသန်စွမ်းကလေးများအား    ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍   စားသောက်ဖွယ်ရာများအား   ကျွေးမွေးခဲ့ပါသည်။
                     ထို့နောက်   လူငယ်သင်တန်းကျောင်းရှိ ကျောင်းသား (၁၅) ဦး   ဆံသသင်တန်းတက်ရောက်နေမှုအား  ကြည့်ရှုအားပေး စကားပြောကြားပြီး ၊ ကျောင်းသားအိပ်ဆောင်ရှိ လူငယ်များန
င့် တွေ့ဆုံအားပေးစကား   ပြောကြား၍ အချိန်ပိုင်း အင်္ဂလိပ်စာ သင်ကြားနေသော   ကျောင်းသား (၉ ) ဦး နှင့်  စေတနာ့ဝန်ထမ်း ဆရာမ  စာသင်ကြားပြသနေမှုအား   ကြည့်ရှုအားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက်  လူမှုဝန်ထမ်းပြည်နယ်ဦးစီးမှူး ၊ လူငယ်သင်တန်းကျောင်းအုပ် နှင့်  ဝန်ထမ်းများအား  တွေ့ဆုံအမှာစကား   ပြောကြားခဲ့ပါသည်။
                       ဆက်လက်၍    ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန  သိုလှောင်ရုံသို့ ရောက်ရှိရာ  ကယ်ဆယ်ရေးပစ္စည်းများ  ထားသိုမှု ၊   ဖြန့်ဝေထားရှိမှုအခြေအနေအား     ကြည့်ရှုစစ်ဆေးရာ သဘာဝဘေး ဖြစ်လာပါက ကယ်ဆယ်ရေးပစ္စည်းများအား  အမြန်ဆုံး ထုတ်ပေးသွားရန် နှင့် စာရင်းဇယားများ  တိကျမှန်ကန်စွာ  ပြုစုကြရန်   မှာကြားခဲ့ကြောင်း   သတင်းရရှိပါသည်။

FacebookTwitter