မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈) ကျင်းပပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး ၊၂၀၁၈ခုနှစ်၊ ဇွန်လ ၂၁ရက်          မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏(၁/၂၀၁၈)အစည်းအဝေးကို(၁၄.၆.၂၀၁၈)ရက်နေ့၊နေ့လည်(၁၄း၀၀)နာရီတွင်လူမှုဝန်ထမ်းဦးစီး ဌာန ၊ မကွေးမူလတန်းကြိုကျောင်းခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ အစိုးရဌာနဆိုင်ရာမှ ကော်မတီဝင်(၁၀)ဦး ၊ လူငယ်ကိုယ်စားလှယ်ကော်မတီဝင် (၁၅)ဦး စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ အဖွင့်အမှာစကား‌ြပောကြားပြီး တိုင်းဒေသကြီးလူငယ်ကော်မတီဝင်များမှ တိုင်းဒေသကြီး အတွင်း လူငယ်စင်တာအတွက် မြေနေရာရရှိရေးနှင့် တိုင်းဒေသကြီးအဆင့် မဟာဗျူဟာရေးဆွဲနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter