ကလေးသူငယ်အခွင့်အရေးများနှင့်ကာကွယ်စောင်ရှောက်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၅ရက်

(၂၂.၆.၂၀၁၈)ရက်နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အောင်သာယာ ကျေးရွာအုပ်စု၊ အချာကြီးကျေးရွာရှိ ခေတ်သစ်ရောင်ခြည်ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့် ပြည်သူများ စုစုပေါင်း(၅၀)ဦးတို့အား ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံး မှဒေါ်သင်းသင်းဆွေ (ဒု-ဦးစီးမှူး)နှင့် ဒေါ်ယုဇာလင်း(အကြီးတန်းစာရေး)တို့သည် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ဒုခရိုင်ရဲမှူးဦးဘချစ်နှင့် ခရိုင်မိခင်နှင့်ကလေး မှ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ကလေးသူငယ်အခွင့်အရေးများနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအသိပညာပေး ဟောပြောခဲ့ပါသည်။

 

FacebookTwitter