ရသေ့တောင်မြို့နယ်၊အောင်ဗလချောင်းဝတွင်တွေ့ရှိသောလှေစီးဒုက္ခသည်များအားတွေ့ဆုံ၍လူမှုရေးလိုအပ်ချက်များကောက်ယူခြင်း

ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ဇွန် လ၂၇ရက်

ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှဒုတိယညွှန်ကြားရေးမှူးဦးကျော်သူနိုင်ဦးဆောင်၍အဖွဲ့ဝင်(၃)ဦးနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှငါးခူရကယ်ဆယ်ရေး စခန်းတွင်တာဝန်ချထားပေးသောဝန်ထမ်း(၂)ဦးတို့သည်(၁၃.၆.၂၀၁၈)ရက်နေ့မှ(၁၆.၆.၂၀၁၈)ရက်နေ့အထိငါးခူရကယ်ဆယ်ရေးပြန်လည် လက်ခံရေးစခန်းတွင်ရောက်ရှိလာသောလှေစီးဒုက္ခ သည် အမျိုးသား (၂၇)ဦး၊ အမျိုးသမီး (၂၈)ဦး၊ ကလေး(၁၇)ဦး၊ စုစုပေါင်း(၁၀၄)ဦးအား တစ်ဦးချင်းတွေ့ဆုံ၍ လူမှုရေးလိုအပ်ချက်များအား အချက်အလက်ကောက်ယူခြင်း ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးဆောင်၍ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များပေး အပ်မှုတွင်ဝိုင်း ဝန်းဆောင်ရွက်ပေးခြင်းနှင့်ပြန်လည်ဝင်ရောက်လာသူများ၏ ယခင်နေထိုင်ခဲ့သည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံဆွေးနွေးပွဲအား တက်ရောက်ခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter